AD
AD
AD

ဘာစီလိုနာအသင်းဟာ လာမယ့်ရာသီအတွက် ခံစစ်က ဟာကွက်တွေကို ဖြည့်ဆည်းဖို့်အတွက် နောက်ထပ် နောက်ခံကစားသမားတစ်ဦးကို ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

play

 

မာရှေရာနို ထွက်ခွာသွားပြီးနောက် ခံစစ်မှာ စာချုပ်သစ်ချုပ်ဆိုဖို့ မသေချာသေးတဲ့ အမ်တီတီ၊ အပြည့်အဝစိတ်ချယုံကြည်လို့မရတဲ့ ဗာမယ်လန်နဲ့ ယယ်ရီမီနာတို့ကြောင့် ဘာစီလိုနာအသင်းဟာ လိုက်ပ်ဇစ်အသင်းရဲ့ အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်နောက်ခံကစားသမား အူပါမီကာနိုကို အဓိကပစ်မှတ်ထားခေါ်ယူဖို့ စီစဉ်ခဲ့တာဖြစ်ပါတယ်။

play

 

ပြင်သစ်သတင်းမီဒီယာတွေရဲ့ရေးသားချက်အရ ဘာစီလိုနာအသင်းဟာ အူပါမီကာနိုအတွက် ယူရိုသန်း ၁၀၀ အထိ အသုံးပြုသွားမယ်လို့ သိရပြီး အနာဂတ်ကြယ်ပွင့်ကစားသမားဖြစ်လာနိုင်တဲ့ အူပါမီကာနိုကို ဘိုင်ယန်မြူးနစ်၊ မန်ချက်စတာယူနိုက်တက်၊ အာဆင်နယ်နဲ့ အေစီမီလန်အသင်းတို့ကလည်း စောင့်ကြည်နေတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD