AD
AD
AD

ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်အချိန်က ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘာစီလိုနာအသင်းနဲ့ လီဂါနက်စ်အသင်းတို့ရဲ့ပွဲစဉ်မှာ ဘာစီလိုနာအသင်းက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

play

 

ဘာစီလိုနာအသင်းဟာ မက်ဆီရဲ့ တစ်ဦးတည်း ၃ ဂိုး ဟက်ထရစ်သွင်းဂိုးနဲ့ လီဂါနက်စ်အသင်းကို အနိုင်ရရှိခဲ့တာဖြစ်ပြီး လာလီဂါပြိုင်ပွဲမှာ နှစ်ပေါင်း ၃၈ နှစ်ကြာ တင်ရှိထားတဲ့ စံချိန်ဟောင်းတစ်ခုကို ဘာစီလိုနာအသင်းက လိုက်မီခဲ့တယ်လို့ သိရပါတယ်။ ယင်းစံချိန်ဟာ ရီးရဲဆိုစီဒက်အသင်းက ၁၉၇၉-၁၉၈၀ ဘောလုံးရာသီမှာ ၃၈ ပွဲဆက်တိုက် ရှုံးပွဲမရှိခဲ့ဘဲ လာလီဂါပြိုင်ပွဲမှာ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းက ယနေ့မှာ လိုက်မီခဲ့တာဖြစ်ပါတယ်။

play

 

လီယွန်နယ်မက်ဆီဟာ လီဂါနက်စ်အသင်းနဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့တာကြောင့် ဟက်ထရစ်အကြိမ်ရေ ၂၉ ကြိမ်ရှိလာခဲ့ပြီဖြစ်ပြီး ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုက ၃၄ ကြိမ်နဲ့ လာလီဂါရဲ့ဟက်ထရစ်အများဆုံးကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD