AD
AD
AD

ယနေ့နံနက် ၁ နာရီ ၁၅ မိနစ်အချိန်မှာ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ဘိုင်ယန်မြူးနစ် အသင်းနဲ့ ဆီဗီလာအသင်းတို့ရဲ့ပွဲစဉ်မှာ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းက ၂ ကျော့ပေါင်းရလဒ် ၂ ဂိုး ၁ ဂိုးနဲ့ တက်ရောက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

play

 

ဘိုင်ယန်မြူးနစ်အသင်းဟာ တိုက်စစ်မှာ လီဝန်ဒေါစကီးကို အထောင်ထားပြီး ပွဲထွက်လာခဲ့ပါတယ်။ ဆီဗီလာအသင်းက တိုက်စစ်မှာ ဘန်ယက်ဒါကို အထောင်ထားပြီး ကော်ရီယာ၊ ဖရန်ကိုဗက်စ်ကွက်၊ ဆာရာဘီးယားတို့နဲ့ပွဲထွက်လာခဲ့ပါတယ်။ ပထမပိုင်းစတင်ချိန်ကတည်းက တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ထိုးဖောက်တိုက်စစ်ဆင်ကစားခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းက ဆီဗီလာအသင်းရဲ့ ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

play

 

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး လူစားလဲလှယ်မှုတွေ ပြုလုပ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းက အိမ်ကွင်းမှာ ဂိုးရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် ဆီဗီလာအသင်းရဲ့ ဂိုးသမား ဒေးဗစ်ဆိုရီယာက အကောင်းဆုံးလက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ ပွဲပြီးဆုံးခါနီး မိနစ် ၉၀ ပြည်မြောက်ချိန်မှာ ဆီဗီလာအသင်းရဲ့ တိုက်စစ်မှူး ကော်ရီယာဟာ မာတီနက်ဇ်ကို ရန်မူခဲ့တာကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခဲ့ပါတယ်။ ဆီဗီလာအသင်းဟာ ယနေ့ပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးပေါက်ကို တစ်ကြိမ်တစ်ခါမှ ကန်သွင်းယူနိုင်ခဲ့ခြင်းမရှိဘဲ ဘိုင်ယန်မြူးနစ် အသင်းရဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုကိုသာ ကာကွယ်ခဲ့ရတာကို တွေ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD