AD
AD
AD

ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂိုးသမား မန်နျူရယ်နျူအာဟာ ပြီးခဲ့တဲ့စက်တင်ဘာလက ရရှိခဲ့တဲ့ ခြေထောက်ဒဏ်ရာကနေ ပြန်လည်သက်သာလာခဲ့ပြီးနောက် ဘောလုံးနဲ့ ပထမဆုံးအကြိမ်အဖြစ် လေ့ကျင့်ရေးပြန်လည်ပြုလုပ်နေပြီလို့ သိရပါတယ်။

play

play

 

နျူအာဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ Sabener Strasse လေ့ကျင့်ရေးကွင်းမှာ ဂိုးဖမ်းလေ့ကျင့်ရေးအစီအစဉ်တွေအားလုံးကို ပြီးမြောက်အောင် လေ့ကျင့်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ပထမဂိုးသမား နျူအာဟာ ပြီးခဲ့တဲ့ စက်တင်ဘာလလယ်က ရရှိခဲ့တဲ့ ခြေဖဝါးရိုးကျိုး ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ပြီးခဲ့တဲ့အပတ်ကစပြီး အပြေးလေ့ကျင့်ခဲ့တာဖြစ်ပါတယ်။

"ဒဏ်ရာကြောင့် အနားယူခဲ့ရတာ ၆ လကျော်အကြာမှာ မန်နျူရယ်နျူအာဟာ ဂိုးသမားတွေပြုလုပ်ရတဲ့ အပေါ့စား ဂိုးဖမ်းလေ့ကျင့်ရေး အစီအစဉ်ကို ပြီးမြောက်ခဲ့ပြီး ဘောလုံးကို ယုံကြည်မှုအပြည့်နဲ့ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပါတယ်"

"ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ကတည်းက အပြေးလေ့ကျင့်မှု ပြန်လည်ပြုလုပ်နေပြီး အခု ဘောလုံးနဲ့အတူ ပြန်လည်လေ့ကျင့်နိုင်ပြီဖြစ်ပါတယ်"လို့ ဘိုင်ယန်မြူးနစ်အသင်းရဲ့တရားဝင်ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

play

 

ဘိုင်ယန်မြူးနစ်အသင်းဟာ ပထမဂိုးသမား နျူအာ ဒဏ်ရာရရှိနေတာကြောင့် ဒုတိယဂိုးသမား ဆဗန်အာရစ်ခ်ျကို အသုံးပြုခဲ့ရပြီး နျူအာအနေနဲ့ ဘွန်ဒက်စ်လီဂါရာသီမကုန်ဆုံးမီမှာ ပြန်လည်ကစားပေးနိုင်မယ်လို့ ဘိုင်ယန်မြူးနစ်အသင်းက မျှော်လင့်နေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD