နိုင်ငံတကာ သတင်း မီဒီယာ တစ်ခုဖြစ်တဲ့ BBC က ပေးအပ်ချီးမြှင့်မယ့် ၂၀၁၇ ခုနှစ်အတွက် အကောင်းဆုံး အာဖရိက ကစားသမားဆုကို ဘယ်ကစားသမား ရရှိသွားမလဲဆိုတာ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပေးမှာ ဖြစ်ပါတယ်။

play

 

ယခု ရွေးချယ်ထားတဲ့ ဆန်ကာတင် ကစားသမား ၅ ဦးစာရင်းမှာတော့ ဒေါ့မွန်အသင်းမှ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်း၊လိုက်ပ်ဇက်အသင်းမှ ဂူနီယာ ကွင်းလယ်လူ နဘီကီတာ၊လီဗာပူးအသင်းမှ ဆီနီဂေါ ကစားမသား မာနေး၊ချဲလ်ဆီးမှနိုင်ဂျီးရီးယား တိုက်စစ်မှူး မော့ဆက်နဲ့ အီဂျစ်အသင်းရဲ့ တိုက်စစ်မှူး ဆာလာတို့ပဲ ဖြစ်ပါတယ်။

 

ယခု ဆန်ကာတင်စာရင်းတွင် ၂၀၁၇ ခုနှစ်အတွက် ကင်မရွန်းအကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ ဒီဂျောင်ပါမလာခဲ့တာကိုလည်း တွေ့ရပါတယ်။

BBC အနေနဲ့ အကောင်းဆုံးကစားသမားဆုကို ဒီဇင်ဘာလ ၁၁ ရက်နေ့ တွင် ထုတ်ပြန်ကြေညာမှာ ဖြစ်ပြီး BBC World TV,BBC World Service Radio,BBC Sport  နဲ့ BBC Africa websites တို့မှ တစ်ချိန်တည်း ထုတ်ပြန်ကြေညာပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပရိသတ်တွေအနေနဲ့လည်း မိမိ ရွေးချယ်လိုတဲ့ ကစားသမားကို Vote ပေးပြီး ရွေးချနိုင်ကာ BBC SPORT မှာ ၀င်ရောက် Vote လုပ်နိုင်နေပါပြီ။

Postby

Source- BBC SPORT

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video