AD
AD
AD

ချန်ပီယံလိဂ် ဗိုလ်လုပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းနည်း ပြဇီဒန်းက တောင်ပံ ကစားသမား ဂါရတ်ဘေးလ်ကို ပွဲထွက်စာရင်းမှာ ထည့်သွင်းပြီး BBC တိုက်စစ်အတွဲကို အသုံးပြုသွားမယ်လို့ စပိန်ကလာတဲ့ သတင်းတွေအရ သိရပါတယ်။

play

တောင်ပံ ကစားသမား ဂါရတ်ဘေးလ်အနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ အသင်းရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့အတွက် အစ္စကို၊လူး ကပ်စ်ဗက်စ်ကွက်၊မားကို့စ် အဆန်ဆီရိုတို့နဲ့အတူ ယှဉ်ပြိုင်နေရတာလည်း ဖြစ်ပါတယ်။

play

 

ဘေးလ်အနေနဲ့ပြီးခဲ့တဲ့ နှစ်က ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ ဂျူဗင်တပ်အသင်းကို ၄-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်တုန်းကတော့ အရံ ကစားသမားအဖြစ် သာ ကစားခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။

ဘေးလ်အနေနဲ့ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ၅ ပွဲစလုံးဂိုးသွင်းယူထားနိုင်သူ ဖြစ်ပြီး ဘာစီလိုနာအသင်းဖက်ကို သွင်းယူတဲ့ ဂိုးအပါအ၀င် နည်းပြ ဇီဒန်းရဲ့ ဘီဘီစီ တိုက်စစ်အတွဲကိုလည်း ပြန်လည် မြင်တွေ့စေနိုင်ခဲ့သူ ဖြစ်ပါတယ်။

လက်ရှိမှာတော့ စပိန် မီဒီယာဖြစ်တဲ့ မာကာသတင်းဌာနရဲ့ ဖော်ပြချက်အရ ဘေးလ်အနေနဲ့ နည်းပြဇီဒန်းရဲ့ ဗိုလ်လုပွဲ ပွဲထွက်လူစာရင်းမှာ ပါဝင် လာဖို့ ရှိနေတာ ဖြစ်ပေမယ့်လည်း နည်းပြဇီဒန်းအတွက်တော့ ပွဲထွက်လူစာရင်းမှာ မည်သည့် ကစားသမားကို အသုံးပြုရမယ်ဆိုတာ ခက်ခဲ ကြောင်းကိုမူ ပြီးခဲ့တဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောထားတာလည်း ဖြစ်ပါတယ်။

" အခုအခြေအနေက နည်းပြတစ်ယောက်အတွက် အခကအခဲဆုံးအပိုင်းဖြစ်ပါတယ်။ရွေးချယ်မှု တစ်ခုကို ပြုလုပ်လိုက်မယ်ဆိုရင် အထူးသဖြင့် အခုလို ဖိုင်နယ်ပွဲစဉ်ကြီးမှာပေါ့၊ဒါပေမယ့် ကျွန်တော်အကောင်းဆုံး ရွေးချယ်မှုကို ပြုလုပ်သွားမှာပါ။" လို့ ဇီဒန်းက ပြောခဲ့ပါတယ်။

လက်ရှိမှာတော့ နှစ်ဖက် အသင်းနှစ်သင်းရဲ့ ပွဲထွက်လူစာရင်း အတိအကျ ထုတ်ဖော်လာခြင်းမရှိပေမယ့်လည်း နည်းပြဇီဒန်းအနေနဲ့ တောင်ပံ ကစားသမားဂါရတ်ဘေးလ်ကို ပွဲထွက်လာမယ်လို့ စပိန်မီဒီယာတွေက ဆိုနေကြပြီဖြစ်ပါတယ်။

Source- Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD