AD
AD
AD

စပိန်ကလာတဲ့ သတင်းတစ်ရပ်အရ ရီးရဲမက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူး ဂါရတ်ဘေးလ်ကို ပြောင်းရွှေ့ကြေး ယူရို သန်း ၁၃၀ နဲ့ ကမ်းလှမ်းမှု ရရှိ ထားတယ်လို့ ရီးရမက်ဒရစ်အသင်းက သတင်းထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။

play

 

သတင်းအရ ယင်းကဲ့သို့ ကမ်းလှမ်းမှုကို တရုတ်စူပါလိဂ်မှ ကလပ်အသင်းတစ်သင်းက ပြုလုပ်ခဲ့တာလို့ သိရပြီး အသင်းအမည်ကိုတော့ အတိအ ကျ ဖော်ထုတ်ပေးခြင်းမရှိခဲ့ပါဘူး။

play

 

ဘေးလ်ဟာ ၂၀၁၃ ခုနှစ်က စပါးကနေ ရီးရဲကိုရောက်ရှိလာခဲ့သူဖြစ်ပြီး အဆိုပါ အချိန်က ဘေးလ်အတွက် ပြောင်းရွှေ့စရိတ်ကို ရီးရဲအသင်းအ နေနဲ့ ယူရို သန်း ၁၀၀ အထိအသုံးပြုခဲ့ရတာလည်း ဖြစ်ပါတယ်။

ရီးရဲအသင်းအနေနဲ့ ဘေးလ်ကို ရာသီအကုန်မှာ ထုတ်ရောင်းဖို့ စီစဉ်နေတယ်လို့သိထားရပြီး မှန်ကန်တဲ့ ရောင်းထုတ်မှု ဖြစ်ဖို့ ရည်ရွယ်နေတယ် လို့လည်း သိရပါတယ်။

အခြားတစ်ဖက်မှာတော့ အဆိုပါ ဝေးလ်တိုက်စစ်မှူးအနေနဲ့ ရီးရဲမှာ ၎င်းရဲ့နေရာအတွက် တိုက်ပွဲဝင်ချင်နေပြီး ဥရောပချန်ပီယံလိဂ် အတွက်  တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေတယ်လို့လည်းသိရပါတယ်။

သတင်းတွေအရတော့ အတိအကျ မသိရသေးပဲ ဖြစ်နိုင်ချေ ၁၀ လေး ၁ လေးလောက်သာ ရှိသေးတယ်လို့လည်း သိရပါတယ်။

လက်ရှိမှာ ဘေးလ်အနေနဲ့ ဝေးလ်အသင်းနဲ့အတူ တရုတ်နိုင်မှာ ဖိတ်ခေါ်ဖလား ကစားဖို့ ရောက်ရှိနေပြီး ခြေစွမ်းပြ ဂိုးတွေလည်း သွင်းယူနေကာ ဝေးလ်ရဲ့ စံချိန်တင် သွင်းဂိုးရှင်လည်း ဖြစ်လာခဲ့ပြီလည်း ဖြစ်ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD