AD
AD
AD

၂၀၁၈ ကမ္ဘာ့ဖလားကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရထားတဲ့ စပိန်အသင်းအနေနဲ့ အုပ်စု(ခ)တွင် ပေါ်တူဂီ၊မော်ရိုကို၊ အီရန်အသင်းများနဲ့ တစ်အုပ်စု တည်းကျရောက်နေပါတယ်။

play

 

၎င်းတို့အနေနဲ့ လက်ရှိမှာ နိုင်ငံတကာ ခြေစမ်းပွဲ ၂ ပွဲကိုလည်း နောက်ဆုံးအနေနဲ့ ယှဉ်ပြိုင်ကစားထားပြီး ဂျာမနီကို သရေ ကျကာ အာဂျင်တီး နားကို ၆-၁ ဂိုးနဲ့ အနိုင်ရရှိထားတာလည်း ဖြစ်ပါတယ်။

play

 

ယခုအခါမှာတော့ စပိန်ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီ ဖြစ်ပြီး လာမယ့် ၂၀၁၈ ကမ္ဘာ့ဖလားမှာ စပိန်အသင်း  ချန်ပီယံ ဖြစ်ခဲ့မယ်ဆိုရင် ကစားသမားတစ်ဦးလျှင် အပိုဆုကြေး ယူရို ၈ သိန်းအထိရရှိမှာလည်း ဖြစ်ပါတယ်။

စပိန်အသင်းမှာ လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ် တောင်အာဖရိက ကမ္ဘာ့ဖလား ပြိုင်ပွဲမှာတုန်းကလည်း ချန်ပီယံ ဖြစ်ခဲ့ပြီး အပိုဆုကြေးများ ရရှိထားခဲ့ဖူး ပါတယ်။

Source- Marca

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD