AD
AD
AD

ယနေ့နံနက် နောက်ဆုံးရရှိထားတဲ့ ဥရောပတစ်လွှားမှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို စုစည်းပြီး တင်ဆက်ပေးလိုက်ပါတယ်။

 

ဆာလာကို ဘာစီလိုနာအသင်းထံ လာကစားစေချင်နေတဲ့ ကော်တင်ဟို

play

 

Don Balon ရဲ့ရေးသားချက်အရ ကော်တင်ဟိုဟာ အသင်းဖော်ဟောင်း မိုဟာမက်ဆာလာကို လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းထံ ပြောင်းရွှေ့ကစားစေလိုနေတဲ့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ ကော်တင်ဟိုဟာ ဘာစီလိုနာအသင်းအတွက် မိုဟာမက်ဆာလာဟာ ဂရစ်ဇ်မန်းထက် ပိုမိုသင့်တော်မယ်လို့ ယူဆနေပြီး မိုဟာမက်ဆာလာကို အရောက်ခေါ်ယူပေးဖို့ နည်းပြဗယ်ဗာဒီကို ကတိပြုထားတယ်လို့ သိရပါတယ်။

 

တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်မဝင်စားတဲ့ ဘန်ဇီးမား

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ဘန်ဇီးမားဟာ​ ၎င်းအနေနဲ့ ဥရောပထိပ်တန်းအဆင့်တစ်နေရာမှာ ကစားနိုင်နေဆဲလို့ ယုံကြည်နေပြီး တရုတ်စူပါလိဂ်ကို ပြောင်းရွှေ့ဖို့ကို ငြင်းပယ်ခဲ့တယ်လို့ Don Balon က ရေးသားထားပါတယ်။

 

မိုနာကို နောက်ခံကစားသမားကို ခေါ်ယူမယ့် မန်ယူ

play

 

မန်ယအသင်းဟာ မိုနာကိုအသင်းရဲ့နောက်ခံကစားသမား ဆိုက်ဒီဘေးကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ နည်းပြမော်ရင်ဟိုဟာ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဆိုက်ဒီဘေးရဲ့ပရိသတ်တစ်ဦးဖြစ်ပြီး အရခေါ်ယူမယ်လို့ ကြေညာထားပါတယ်။

 

ဆော်ဒီကလပ်မှာ သွားကစားတော့မယ့် ရီဘာရီ

play

 

ယခုရာသီကုန်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့တောင်ပံကစားသမား ဖရန့်ရီဘာရီဟာ ဆော်ဒီကလပ်အသင်းတစ်သင်းဖြစ်တဲ့ အယ်လ်အစ်တီဟတ်အသင်းမှ သွားရောက်ကစားမယ်လို့ Sport Paper သတင်းရဲ့ရေးသားချက်အရသိရပါတယ်။ အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရီဘာရီဟာ လာမယ့်ဇွန်လမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD