AD
AD
AD

ယနေနံနက်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပထမအကျော့ပွဲစဉ်အဖြစ် ဂျူဗင်တပ်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ရီးရဲမက်ဒရစ်အသင်းက ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး ဂျူဗင်တပ်အသင်းရဲ့ဂိုးသမားဘူဖွန်က ၂ ဂိုးသွင်းယူခဲ့တဲ့ ရော်နယ်ဒိုကို ချီးကျူးစကားပြောကြားခဲ့ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ချန်ပီယံလိဂ် ၁၀ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ကာဗာဂျယ် ဖြတ်တင်ပေးလိုက်တဲ့ဘောလုံးကို ခရစ်စတီယာနိုရော်နယ်ဒိုဟာ လေပေါ်မှာ ပျံဝဲပြီး နောက်ပြန်ကန်ချက်နဲ့ လှလှပပသွင်းယူခဲ့ပြီး ဘူဖွန်အနေနဲ့ ရပ်ကြည့်ရုံသာ တတ်နိုင်ခဲ့ပါတယ်။

play

 

ယင်းပွဲစဉ်အပြီးမှာ ဂျူဗင်တပ်အသင်းရဲ့ဝါရင့်ဂိုးသမားကြီး ဘူဖွန်ဟာ ရော်နယ်ဒိုကို ချီးကျူးစကားပြောကြားခဲ့ပြီး ဂန္တဝင်ကစားသမားကြီးတွေ ဖြစ်ကြတဲ့ မာရာဒိုနာ၊ ပီလီတို့နဲ့ နှိုင်းယှဉ်ခဲ့ပါတယ်။

"ရော်နယ်ဒိုသာ ထူးကဲတဲ့ ချန်ပီယံတစ်ယောက်ပါ"

"မက်ဆီလိုမျိုးပဲ သူက အသင်းကို အရေးကြီးတဲ့နိုင်ပွဲတွေရရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့တစ်ဦးတည်းသောကစားသမားဖြစ်ပါတယ်။ သူ့ကို မာရာဒိုနာ၊ ပီလီတို့နဲ့တောင် နှိုင်းယှဉ်လို့ ရပါတယ်"

"ကျွန်တော်တို့ မယုံနိုင်လောက်အောင်ကောင်းတဲ့ ချန်ပီယံတွေနဲ့ ကစားခဲ့ရတာပါ"

"ဒီဖြစ်ရပ်ထဲမှာ နောင်တရစရာဆိုလို့ နောက်တစ်ဆင့်ကို တက်ရောက်ဖို့ မဖြစ်နိုင်တော့တာပဲ ရှိပါတယ်။ ကျွန်တော့်အတွက်ကတော့ နောင်တကြီးတစ်ခုပါပဲ။ ဒါပေမယ့် ပြိုင်ဘက်က ရှင်းလင်းစေခဲ့တဲ့အရာကတော့ သူတို့ဟာ အရမ်းကို ခိုင်မာတဲ့ ရည်မှန်းချက်ရှိနေတယ်ဆိုတာပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD