AD
AD
AD

ဂျူဗင်တပ်အသင်းရဲ့ ဂန္တဝင်ဂိုးသမားကြီးဖြစ်တဲ့ စတီဖာနိုတက်ကိုနီဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက ဘူဖွန်ကို အနီကတ်နဲ့ထုတ်ပယ်ခဲ့တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ဒေါသဖြစ်မိကြောင်း ပြောကြားခဲ့ပါတယ်။

play

 

ဂျူဗင်တပ်အသင်းဟာ ရီးရဲမက်ဒရစ်အသင်းရဲ့အိမ်ကွင်း ဘာနေဗျူးမှာ ဒုတိယပိုင်း ပွဲပြီးဆုံးခါနီး မိနစ် ၉၀ အထိ ၃ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်နေပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ဖို့ နီးစပ်နေပြီဖြစ်ပေမယ့် မိနစ် ၉၀ မှာ လူးကပ်စ်ဗက်စ်ကွက်ကို ဘီနေးတီးယားကို ဖျက်ထုတ်ပုံ ကြမ်းတမ်းခဲ့ပြီး ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာက ပင်နယ်တီပြစ်ဒဏ်ဘောသတ်မှတ်ပေးခဲ့ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့အဆုံးအဖြတ်ကို စောဒကတက်ခဲ့တဲ့ ဂျူဗင်တပ်အသင်းရဲ့ဝါရင့်ဂိုးသမားကြီး ဘူဖွန်က စောဒကတက်ခဲ့ရာမှာ မိုက်ကယ်အိုလီဗာက ဘူဖွန်ကို အနီကတ်ပြ ထုတ်ပယ်ခဲ့တာဖြစ်ပါတယ်။

play

 

ဂျူဗင်တပ်အသင်းရဲ့ ဂန္တဝင်ဂိုးသမားကြီး တက်ကိုနီဟာ ယင်းဖြစ်စဉ်မှာ ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကို ဘူဖွန်အနေနဲ့ မျက်နှာကို လက်သီးနဲ့ ဆွဲထိုးပစ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

"ခင်ဗျားသိလား ကျွန်တော်သာဆို သူ့မျက်နှာကို လက်သီးနဲ့ဆွဲထိုးပစ်လိုက်မှာ"

"ဘူဖွန်လို ကစားသမားတစ်ယောက်အတွက် အံ့သြစရာကောင်းတဲ့ ကစားသမားဘဝအဆုံးသတ် ဖြစ်ခဲ့ရမှာ။ မိနစ် ၉၀ ကျော်လောက်မှာ အဲဒီလို ပင်နယ်တီပေးလို့မရနိုင်ပါဘူး။ ရုပ်ပိုင်းဆိုင်ရာအရ လူအားလုံး ကြောင်သွားခဲ့ပါတယ်။ အဲဒီလိုမျိုး ပင်နယ်တီ မပေးသင့်ပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD