AD
AD
AD

ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုအနေဖြင့် တရုတ်စူပါလိဂ်သို့ ပြောင်းရွှေ့ရန် စိတ်ဝင်စားနေကြောင်း ဘရာဇီးလ် နှင့် ပေါ်တူဂီ နည်းပြဟောင်း စကိုလာရီက ထုတ်ဖော်ပြောကြားလိုက်သည်။ စီရော်နယ်ဒိုက တရုတ်စူပါလိဂ်အကြောင်း မိမိကို တစ်ကြိမ်ထက်မက မေးမြန်းမှုများ ရှိခဲ့သည်ဟု ဘရာဇီးနှင့် ပေါ်တူဂီနည်းပြဟောင်း စကိုလာရီက ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

play

 

စီရော်နယ်ဒိုသည် ယခုအခါ အသက် (၃၃)နှစ်အရွယ် ရှိနေပြီဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းတွက် ယခုနှစ်ဘောလုံးရာသီတွင် ပြိုင်ပွဲစုံ (၃၅)ပွဲ ကစားကာ (၃၇)ဂိုးအထိ သွင်းယူပေးထားသူ ဖြစ်သည်။  စီရော်နယ်ဒိုအနေဖြင့် ရီးရဲလ်မက်ဒရစ်အသင်းနှင့် စာချုပ်သက်တမ်းမှာ ၂၀၂၁ ခုနှစ်အထိ ရှိပြီး ကစားသမားအနေဖြင့် တရုတ်စူပါလိဂ် (သို့မဟုတ်) မေဂျာလိဂ်သို့ သွားရောက်ကစားဖွယ် ရှိနေသည်။

play

 

ကွမ်ကျိုးအဲဗားဂရင်းအသင်းတွင် (၂) နှစ်ကြာ နည်းပြခဲ့သော နည်းပြကြီး စကိုလာရီက -

 

" တရုတ်နိုင်ငံရဲ့ နေထိုင်မှုပုံစံကို စီရော်နယ်ဒိုက တစ်ကြိမ်ထက်မက မေးမြန်းခဲ့ပါတယ်၊ သူ့အနေနဲ့ တရုတ်ကို မသွားနိုင်စရာ မရှိပါဘူး" လို့ Esporte Interativo ကို ပြောကြားခဲ့ပါတယ်။

play

 

" သူ့အတွက် လမ်းညွှန်မှုတွေ ကျွန်တော် ပြုလုပ်ပေးခဲ့တယ်၊ စီရော်နယ်ဒိုမှာ သူ့ကိုယ်ပိုင်အမှတ်တံဆိပ်တွေ၊ စက်ရုံတွေ ရှိပါတယ်၊ တရုတ်နိုင်ငံကလည်း ကမ္ဘာပေါ်မှာ အကြီးမားဆုံးနိုင်ငံပါ၊ သူ့ကို အမြဲတစေ ပြောကြားခဲ့တာကတော့ အခွင့်အရေးကောင်းတွေကို ရရှိလာတဲ့အခါမှာ တရုတ်ကို သွားသင့်တယ်ဆိုတာပါပဲ" ဟု ပေါ်တူဂီအသင်းတွင် နည်းပြခဲ့စဉ်က စီရော်နယ်ဒိုနှင့် လက်တွဲခဲ့ဖူးသူ စကိုလာရီက ပြောကြားခဲ့သည်။

Source : sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD