AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့ကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ ဘာစီလိုနာအသင်းရဲ့ကစားသမား မက်ဆီတို့ဟာ လက်ရှိမျိုးဆက်ရဲ့အထူးချွန်ဆုံး ကစားသမားတွေဖြစ်ပြီး ယင်းတို့ နှစ်ဦးနဲ့ပတ်သက်ပြီး မဆုံးနိုင်တဲ့ စကားရည်လုပွဲတွေ၊ ခန့်မှန်းသုံးသပ်ချက်တွေဟာ ပရိသတ်တွေနဲ့ ကစားသမားတွေကြားမှာတောင် ဘယ်သူက ပိုကောင်းတယ်ဆိုတာ အငြင်းအခုံဖြစ်နေတဲ့ ကိစ္စဖြစ်ပါတယ်။

play

 

ယင်းကိစ္စနဲ့ပတ်သက်ပြီး ခရစ်စတီယာနိုရော်နယ်ဒိုနဲ့ရော၊ မက်ဆီနဲ့ပါ တွဲဖက်ကစားဖူးတဲ့ ကားလို့စ်တိဗက်က သူ့ရဲ့အမြင်ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"ရော်နယ်ဒိုက မက်ဆီနဲ့ လုံးဝကို ကွဲပြားခြားနားပါတယ်"

"မက်ဆီက ကိုယ်ကာယလေ့ကျင့်ဖို့အတွက် ဂျင်ကို လုံးဝ မဆော့ဖူးပေမယ့် ရော်နယ်ဒိုကတော့ မနက်တိုင်း၊ နေ့လည်တိုင်း၊ ညနေတိုင်းမှာ ဂျင်ကို ရောက်နေတဲ့သူမျိုးပါ။ အချိန်တိုင်းပဲပေါ့။ ရော်နယ်ဒိုက သူ့ကိုယ်သူ အကောင်းဆုံးဖြစ်အောင် အလုပ်နဲ့ ကြိုးစားပြင်ဆင်နေတဲ့အချိန်မှာ မက်ဆီကတော့ နဂိုသဘာဝအတိုင်းသူ့ဘာသာ ဖြစ်လာတာပါ"

"ဒီကမ္ဘာပေါ်က အကောင်းဆုံးကစားသမား ၂ ဦးကြားမှာ တွေ့ရတဲ့ တချို့အရာတွေက အကြီးမားဆုံးကွဲပြားခြားနားမှုတွေပါပဲ"

တိဗက်ကို ရော်နယ်ဒိုနဲ့ မက်ဆီတို့ နှစ်ဦးအနက်က ဘယ်သူ့ကို အကောင်းဆုံးလို့ ရွေးချယ်မလဲလို့ မေးခဲ့တဲ့အခါမှာတော့ တိဗက်က သူ့ရဲ့လက်ရွေးစင်အသင်းဖော် မက်ဆီကိုပဲ ရွေးချယ်ခဲ့ပါတယ်။

"မက်ဆီက တခြား အားကစားနည်းကို ကစားသင့်တယ်"

"ဘယ်လိုပွဲစဉ်မျိုးမှာမဆို မက်ဆီအတွက်က သုံးဂိုးလောက်သွင်းယူတယ်ဆိုတာ သာမန်ကိစ္စပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

play

 

ကားလို့စ်တိဗက်ဟာ လက်ရှိအချိန်မှာ ဘိုကာဂျူနီယာအသင်းမှာ ကစားပေးနေပြီး တိဗက်ရဲ့ဖြေကြားချက်တွေဟာ မန်ချက်စတာယူနိုက်တက်အသင်းဖော်ဟောင်း ရော်နယ်ဒိုအပေါ်မှာရော၊ အာဂျင်တီးနားလက်ရွေးစင်အသင်းဖော် မက်ဆီအပေါ်မှာပါ လေးစားမှု ထားရှိတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။ တိဗက်အနေနဲ့ လူအများလက်ခံထားသလို ခရစ်စတီယာနိုရော်နယ်ဒိုက ဘောလုံးအားကစားနည်းမှာ အကောင်းဆုံးကစားသမားဆိုရင် မက်ဆီဟာ ဘုရားသခင်က ဖန်ဆင်းပေးလိုက်တဲ့ နဂိုသဘာဝအတိုင်း ပါရမီရှင်ဖြစ်နေနှင့်ပြီးသား ကစားသမားလို့ မှတ်ယူထားတာဖြစ်ပြီး မက်ဆီက ရော်နယ်ဒိုထက် အနည်းငယ်သာတယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

Source & Photos: SS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD