AD
AD
AD

စီရော်နယ်ဒိုသည် ပြီးခဲ့သည့် လာလီဂါပွဲစဉ်တွင် ဂျီရိုနာ အသင်းဘက်သို့ တစ်ဦးတည်း (၄) ဂိုးသွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့သည်။ ထို့ကြောင့် ပြိုင်ပွဲစုံနောက်ဆုံး (၈) ပွဲတွင် စုစုပေါင်း သွင်းဂိုး (၁၈) ဂိုးအထိ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးသည် သွင်းယူထားနိုင်ခဲ့ပြီလည်း ဖြစ်သည်။

play

 

လက်ရှိအချိန်တွင် စီရော်နယ်ဒို၏ ခြေစွမ်းမှာ ရာသီအစပိုင်းကနှင့် ကွဲပြားခြားနားနေခဲ့ပြီဖြစ်သည်။ ၂၀၁၇၊ နိုဝင်ဘာ (၅) ရက်နေ့က လာ့ပါးမက်စ်အသင်းကို အနီုင်ရခဲ့သည့်ပွဲစဉ်နောက်ပိုင်း လာလီဂါပွဲစဉ် (၇) ပွဲတွင် (၁) ဂိုးသာ စီရော်နယ်ဒို သွင်းနိုင်ခဲ့ပြီး လာလီဂါဂိုးသွင်းဘုရင်စာရင်းတွင် အဓိကပြိုင်ဘက်ဖြစ်သူ ဘာစီလိုနာတိုက်စစ်မှူး လီယွန်နယ်မက်ဆီက စီရော်နယ်ဒိုကို ၁၁ ဂိုးအထိ အသာစီး ရယူထားနိုင်ခဲ့သည်။

play

 

ယခုအခါ စပိန်နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်သည့် Marca မှ စီရော်နယ်ဒိုသည် ရီးရဲလ်မက်ဒရစ်အသင်းဖော်များနှင့် အလောင်းအစားပြုလုပ်ခဲ့သည်ဟု ဖော်ပြခဲ့ခြင်းဖြစ်သည်။ စီရော်နယ်ဒိုက ရာသီကုန်ဆုံးချိန်တွင် လာလီဂါဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို မိမိရယူနိုင်လိမ့်မည်ဟု စိန်ခေါ်ခဲ့ပြီး အသင်းဖော်များနှင့် လောင်းကြေးထပ်ခဲ့ခြင်းလည်း ဖြစ်သည်။ ပြီးခဲ့သည့် ပွဲစဉ်တွင် လေးဂိုးသွင်းယူခဲ့ပြီးသည့်နောက် အသက် (၃၃) နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူးသည် လာလီဂါဂိုးသွင်းအများဆုံးစာရင်းတွင် ဒုတိယနေရာအထိ တက်လှမ်းလာခဲ့ပြီး တတိယနေရာမှ လူးဝစ္စဆွာရက်ဇ်ကို တစ်ဂိုးအသာဖြင့် ဦးဆောင်နိုင်ခဲ့သလို ထိပ်ဆုံးတွင် ရပ်တည်နေခဲ့သည့် လီယွန်နယ်မက်ဆီနှင့် (၃) ဂိုးသာ ကွာဟလာခဲ့ပြီလည်း ဖြစ်သည်။

play

 

လာလီဂါပြိုင်ပွဲပြီးဆုံးရန် လက်ကျန်ပွဲ (၉) ပွဲသာ ကျန်ရှိနေပြီး မေလအတွင်းတွင် အယ်ကလက်စီယိုပွဲစဉ်ကို ဘာစီလိုနာအသင်း၏ နူးကမ့်ကွင်းကြီးတွင် ယှဉ်ပြိုင်ကစားမည်လည်း ဖြစ်သည်။ လက်ကျန် (၉) ပွဲအလိုတွင် သူတို့နှစ်ဦးကြားမှ ဂိုးကွာဟချက်မှာ (၃) ဂိုးသာ ရှိတော့သည်ဖြစ်ရာ လာလီဂါဂိုးသွင်းဘုရင် ရွှေဖိနပ်ဆုအတွက် အကြိတ်အနယ်ယှဉ်ပြိုင်ရမည်လည်း ဖြစ်သည်။

play

 

စီရော်နယ်ဒိုအနေဖြင့် လာလီဂါတွင် ၉၂ မိနစ်ကစားတိုင်း သွင်းဂိုး တစ်ဂိုးရရှိသည့် မှတ်တမ်းကို ပိုင်ဆိုင်ထားပြီး လီယွန်နယ်မက်ဆီကမူ ၉၈ မိနစ်ကစားတိုင်း သွင်းဂိုးတစ်ဂိုးရရှိသည့် မှတ်တမ်းကို ပိုင်ဆိုင်ထားခဲ့သည်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD