AD
AD
AD

အပြေးသမားဘ၀ကနေ ဘောလုံးသမား ဘ၀ကို ကူးပြောင်းတော့မယ်လို့ မူလကတည်းက သတင်းတွေ ထွက်ပေါ်နေခဲ့တဲ့ ကမ္ဘာ့တာတိုအပြေး ချန်ပီယံ အူစိန်ဘော့က လက်ရှိမှာတော့ ဂျာမန်ကလပ် ဒေါ့မွန်အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေပြီလည်း ဖြစ်ပါတယ်။

play

 

လေ့ကျင့်မှုတွေကိုတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့က စတင်ပြုလုပ်နေခဲ့တာလို့ သိရပြီး လက်ရှိမှာတော့ စမ်းသပ်နေဆဲ ကာလလို့လည်း သိရပါ တယ်။

play

 

မူလက အူစိတ်ဘော့အနေနဲ့ မန်ယူအသင်းမှာ ကစားဖို့ ထွက်ပေါ်နေခဲ့ပေမယ့်လည်း ယခုအခါမှာတော့ ဒေါ့မွန်အသင်းနဲ့ စတင်လေ့ကျင့်နေတာ လည်း ဖြစ်ပါတယ်။

play

 

ယခုလို ဒေါ့မွန်အသင်းနဲ့ ပူးပေါင်း လေ့ကျင့်ရခြင်းရဲ့ အကြောင်းရင်းမှာ Puma ကုမ္ပဏီအနေနဲ့ ဒေါ့မွန်အသင်းရော အူစိန်ဘော့ကိုပါ ၀တ်စုံ စပွန် ဆာပေးအပ်ထားတာခြင်း တူညီတာကြောင့် အခုလိုမျိုး လေ့ကျင့်ခန်းဆင်းစေဖို့ ချိတ်ဆက်ပေးနိုင်ခဲ့တာဖြစ်တယ်လို့လည်း ဂျာမန် မီဒီယာတွေက ဖော်ပြလာပါတယ်။

play

 

ဘော့အနေနဲ့ လေ့ကျင့်ရေးမှာ ၎င်းရဲ့ ဘောလုံးစွမ်းရည်အချို့ကိုပါ ပြသခဲ့ပြီး ဂျာမန် လက်ရွေးစင် ရှာရယ်၊မာကိုစ်ရူးစ်တို့နဲ့အတူ စွမ်းရည်ပြခဲ့ တယ်လို့လည်းသိရပါတယ်။

play

 

အဲ့နောက် ဘောလုံးနဲ့ ပတ်သက်တဲ့ နည်းစနစ်ပိုင်းများကို ဂေါ့ဇီက ရှင်းလင်းပြောခဲ့ပြီး အခြားသော အသင်းဖော်များကလည်း ဘော့စ်ကို နွေးနွေး ထွေးထွေး ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

ယနေ့ သောကြာနေ့မှာလည်း လေ့ကျင့်မှု ဆက်လက်ပြုလုပ်မယ်လို့သိရပြီး စာချုပ်ချုပ်ဆိုမယ့် ကိစ္စတွေကိုတော့ ဖော်ပြလာခြင်းမရှိသေးပါဘူး။

အူစိန်ဘော့မှာ ကမ္ဘာ့တာတိုအပြေးချန်ပီယံ ၁၁ အကြိမ်အထိ ရရှိထားဖူးတဲ့ ဂျမေကာ အပြေးချန်ပီယံ တစ်ယောက်ဖြစ်ပြီး ယခုလို ဒေါ့မွန်အသင်း နဲ့ စာချုပ်ချုပ်ဆိုဖြစ်ပါက အပြေးသာမးဘ၀မှ ဘောလုံးသမားဘ၀ကို ကူးပြောင်းလာတဲ့ ပထမဆုံးသော ကစားသမား ဖြစ်လာမှာ လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဒေါ့မွန်အသင်းအနေနဲ့လည်း တိုက်စစ်မှူး အူဘာမီယန်းကို အာဆင်နယ်အသင်းထံ ရောင်းထုတ်ခဲ့ရခြင်းရဲ့ အဖြေကို ရှာဖွေတွေ့ရှိခဲ့ တယ်လို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD