AD
AD
AD

လန်ဒန်တောင်ပိုင်း ဒေသတစ်ခုဖြစ်တဲ့ ဖူလ်ဟမ်အသင်းရဲ့ အိမ်ကွင်း ကာရာဗန်ကော့တေ့ခ်ျမှာ ကျင်းပခဲ့တဲ့ ကိုလံဘိယာနဲ့ သြစတြေးလျ အသင်းတို့ရဲ့ ခြေစမ်းပွဲမှာတော့ ဂိုးမရှိ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

play

 

ဖူလ်ဟမ်ကွင်းအတွင်း ၀ါထိန်နေအောင် လာရောက်အားပေးတဲ့ ကိုလံဘီယာ ပရိသတ်တွေအတွက် အသင်းရဲ့ ရလဒ်က ကျေနပ်ဖွယ်မကောင်းခဲ့ ပဲ ပွဲဆူစေခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ပွဲအပြီးမှာတော့ ပရိသတ်အချို့ဟာ ကွင်းအတွင်း ကျူးကျော် ၀င်ရောက်မှုတွေ ပြုလုပ်ခဲ့ပြီး ၎င်းတို့ရဲ့ အထင်ကရ ကစားသမားတွေနဲ့အတူ ဓာတ် ပုံရိုက်ခွင့်ရဖို့ ကြိုးပမ်းခဲ့ရာမှာတော့ လုံခြုံရေးတွေနဲ့ တိုက်ပွဲဆင်နွှဲခဲ့ရပါတော့တယ်။

play

 

ယင်းကဲ့သို့ ကျူးကျော်ခဲ့သူများထဲမှာတော့ ကိုလံဘီယာရဲ့ အလှပဂေးလေးတွေလည်း ပါဝင်ခဲ့ပြီး ၎င်းတို့အနေနဲ့ ဓာတ်ပုံအတူတွဲရိုက်ခွင့်ရဖို့ ကြိုး ပမ်းခဲ့ပေမယ့်လည်း ဒီအခွင့်အရေးကတော့ မရခဲ့ပါဘူး။

ခြေစမ်းပွဲကစားခဲ့တဲ့ သြစတြေးလျအသင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းဖြစ်သလို ကိုလံဘီယာအသင်းမှာလည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းများဖြစ်ပါတယ်။

Soure- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD