AD
AD
AD

သောကြာနေ့ညက အင်္ဂလန်အသင်းနဲ့ နယ်သာလန်အသင်းတို့ရဲ့ပွဲစဉ်မတိုင်မီ အင်္ဂလန်အသင်းကို လိုက်ပါအားပေးတဲ့ အင်္ဂလန်ပရိသတ်တွေနဲ့ ဒတ်ခ်ျရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တာကြောင့် ပရိသတ်အချို့ကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

play

ဒတ်ခ်ျရဲတပ်ဖွဲ့ဟာ ကြာသပတေးနေ့က ဖမ်းဆီးထားတဲ့ အင်္ဂလန်ပရိသတ် ၂၅ ဦးထဲက ၆ ဦးကို လာမယ့်တနင်္လာနေ့မှာ တရားစွဲဆိုဖို့ စီစဉ်ထားဆဲဖြစ်တယ်လို့ သိရပါတယ်။ အမ်စတာဒမ်ရဲတပ်ဖွဲ့ရဲ့တရားဝင်တွစ်တာအကောင့်မှာ တင်ထားတဲ့ထုတ်ပြန်ချက်အရ နယ်သာလန်နဲ့ အင်္ဂလန်ပွဲစဉ်မတိုင်မီမှာ နောက်ထပ် ဒတ်ခ်ျလူမျိုး ၂ ဦးနဲ့ အင်္ဂလန်လူမျိုး အယောက် ၁၀၀ ကို ထပ်မံဖမ်းဆီးထားတယ်လို့ သိရပါတယ်။

"၃၅ ယောက်ကတော့ ထောင်ထဲမှာ တစ်ညအိပ်ခဲ့ရပါတယ်။ ၉၄ ယောက်ကိုတော့ ဒဏ်ငွေရိုက်ပြီး ပြန်လွှတ်ပေးလိုက်ပါတယ်"

"နောက်ဆုံးကျန်တဲ့ ၈ ဦးကတော့ ရဲအရာရှိကို အကြမ်းဖက်ဖို့ကြိုးစားတဲ့ အဓိကလူတွေဖြစ်တာကြောင့် ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်ပါတယ်"လို့ ရေးသားထားပါတယ်။

play

အခြားပရိသတ် ၆၀ ခန့်ဟာလည်း မီးနီခရိုင်ထဲမှာရှိတဲ့ Oudezijds Voorburgwal မြို့အတွင်း ပွဲမတိုင်မီ ၂ နာရီအလိုမှာ အကြမ်းဖက်လိုတဲ့ ပရိသတ်အချို့ဟာ ရဲအရာရှိတွေကို ဘီယာဘူးတွေနဲ့ ပစ်ပေါက်ပြီး တိုက်ခိုက်ခဲ့တာကြောင့် အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့ရဲ့ မြို့ကိုပိတ်ဆို့ဖမ်းဆီးခြင်း ခံခဲ့ရတယ်လို့ သိရပါတယ်။

play

 

နယ်သာလန်နိုင်ငံမှာ အင်္ဂလန်အသင်းရဲ့ တရားဝင် ပွဲလက်မှတ်ကိုင်ဆောင်ထားတဲ့ အင်္ဂလန်ပရိသတ် ၅၂၃၄ ဦးကတော့ အမ်စတာဒမ်ရဲ့ အခြားတစ်နေရာမှာရှိနေတယ်လို့ သိရပြီး ဆိုးသွမ်းပရိသတ်အချို့သာ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ အင်္ဂလန်နဲ့ နယ်သာလန်ပွဲစဉ် အပြီးမှာတော့ နောက်ထပ် ဖမ်းဆီးမှုတစ်စုံတစ်ရာမရှိဘူးလို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD