AD
AD
AD

ဥရောပဘောလုံးလောကရဲ့ ထိပ်တန်း အေးဂျင့်တစ်ဦးဖြစ်တဲ့ ရိုင်အိုလာက အင်္ဂလန် ကလပ် မန်စီးတီးအသင်းရဲ့ နည်းပြ ပက်ဂွါဒီယိုလာကို ပုတ် ခတ်ပြောဆိုမှု တစ်ရပ်ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

play

 

ရိုင်အိုလာက ဂွါဒီယိုလာဟာ သူရဲဘောင်ကြောင်တဲ့သူလို့ သုံးနှုန်းပြောဆိုခဲ့တာဖြစ်ပြီး ဒီလို အပြောကြောင့် အားလုံးပဲ တုန်လှုပ်သွားခဲ့ရပါ တယ်။

play

 

အခုလို ရိုင်အိုလာက ဂွါဒီယိုလာကို သုံးနှုန်း ပြောဆိုရခြင်းမှာ ၂၀၀၉-၁၀ ခုနှစ်တုန်းက ဂွါဒီယိုလာ ဘာစီလိုနာအသင်းကို ကိုင်တွယ်စဉ်တုန်းက ၎င်းရဲ့ ကစားသမား အီဘရာဟီမိုဗစ်ကို အသုံးပြုခဲ့ပုံနဲ့ ပတ်သက်ပြီး ပြောဆိုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ရိုင်အိုလာက ပြောရာမှာတော့ -" ကျွန်တော် စပိန်နည်းပြတွေကို လေးစားပါတယ်။အဲ့ထဲမှာမှ ဂွါဒီယိုလာကတော့ အံ့အားသင့်ဖွယ်ပါပဲ။လူတစ် ယောက်အနေနဲ့ သူက လုံးသ သုညပါပဲ။သူက တစ်ကယ်ကို သူရဲဘောကြောင်တဲ့ ခွေးတစ်ကောင်သာသာပဲ ရှိပါတယ်။" လို့ သုံးနှုန်း ပြောဆိုခဲ့ တာလည်း ဖြစ်ပါတယ်။

ဆက်လက်ပြီး ယခုနှစ် မန်စီးတီး ချန်ပီယံလိဂ်ဖလား ရခဲ့မယ်ဆိုရင်တောင် အဲ့ဒီအရာကို သူမုန်းတယ်လို့ ရိုင်အိုလာက ပြောခဲ့ပါတယ်။

၂၀၀၉-၁၀ ခုနှစ်တုန်းက အီဘရာဟီမိုဗစ် ဘာစီလိုနာမှာ ကစားချိန် စာချုပ်သက်တမ်း ပြည့်ဖို့ တစ်နှစ်အလိုမှာ ဂွါဒီယိုလာက မိုဗစ်ကို အေစီမီ လန်အသင်းထံ အငှားချခဲ့ပါတယ်။

ဒါကြောင့်လည်း အီဗရာမိုဗစ်ဟာ ၂၀၀၁ခုနှစ်မှာ ဘာစီလိုနာအသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားရမယ့် အခွင့်အရေးကို လွဲချော်ခဲ့ရပါတယ်။

ဒီအကြောင်းအရာကြောင့် ရိုင်အိုလာဟာ သူ့ရဲ့ ကစားသမား မိုဗစ်နဲ့ ပတ်သက်ပြီး ဒေါသထွက်နေတာလည်း ဖြစ်ပါတယ်။

"အဲ့ဒီညက ကျွန်တော် ၀င်ဘလေက လမ်းမတွေပေါ်မှာ သူနဲ့ မျက်နှာချင်းဆိုင်ဖို့ ထွက်လာခဲ့ပါတယ်။ဒါပေမယ့် ဂယ်လီယာနီက ကျွန်တော့်ကို တားခဲ့တာကြောင့်သူကံကောင်းသွားခဲ့တာပါ။"လို့ ရိုင်အိုလာက ဆက်လက်ပြောခဲ့ပါသေးတယ်။

ဒါတင်မကသေးပဲ ဂွါဒီယိုလာက ၎င်းတို့နှစ်ဦးကြားက ကတိစကားကိုလည်း ချိုးဖျက်ခဲ့ကာ မိုဗစ်ကို အကောင်းဆုံးဖြစ်အောင်စွမ်းဆောင်ပေး မယ်ဆိုတဲ့ စကားကိုလည်း ပယ်ဖျက်ခဲ့တယ်လို့ ရိုင်အိုလာက စွပ်စွဲပြောဆိုခဲ့ပါသေးတယ်။

"သူကတစ်ကယ်တော့ မိုဗစ်ကို မောင်းထုတ်ခဲ့တာပါ။မိုဗစ်ကို မင်းမှာ ပြဿနာရှိရင်၊ ပြန်ပြောချင်တာရှိရင် ထွက်သွားနိုင်တယ်လို့ ပြောခဲ့ပါ တယ်။တစ်ကယ်တော့ ဂွါဒီယိုလာဟာ မိုဗစ်ကို ဘယ်တုန်းကမှ နှုတ်တောင်မဆက်ခဲ့ဖူးပါဘူး။"လို့ ရိုင်အိုလာက ပြန်ပြောပြပါတယ်။

ဂွါဒီယိုလာဟာ ဒီလို တူညီတဲ့ အဖြစ်အပျက်မျိုးကို မက်ဝဲလ်အပေါ်မှာလည်း ပြုမူခဲ့ဖူးတယ်လို့ ရိုင်အိုလာက အဆုံးသတ်မှာ ထည့်သွင်းပြောခဲ့ ပါတယ်။

Source- The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD