AD
AD
AD

အင်္ဂလန်လက်ရွေးစင်ဟောင်းနဲ့ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံးကစားသမားဟာ ရော်နယ်ဒိုမဟုတ်ကြောင်း ပြောကြားခဲ့ပြီး ရော်နယ်ဒိုဟာ အဆင့် ၄ နေရာလောက်မှာသာရှိကြောင်း သုံးသပ် ပြောကြားခဲ့ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းရဲ့တိုက်စစ်မှူး ရော်နယ်ဒိုဟာ ဘာစီလိုနာအသင်းရဲ့တိုက်စစ်မှူး မက်ဆီနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားနေရာအတွက် ပြိုင်ဘက်ဖြစ်ပြီး ဆုဖလားတွေကို တစ်လှည့်စီ ရယူနေကြသူတွေဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ယခုရာသီမှာ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေပြီး ၁၇ ပွဲကစားပြီးချိန်ထိ ၈ ဂိုးသာ သွင်းယူထားနိုင်သေးတာဖြစ်ပါတယ်။

play

 

ရီးရဲမက်ဒရစ်အသင်းအနေနဲ့လည်း ဇယားထိပ်ဆုံးက ဘာစီလိုနာအသင်းနဲ့ ၁၉ မှတ်အကွာမှာ ရောက်ရှိနေပြီး ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းတွေ ရရှိဖို့သာ မျှော်လင့်ရတော့မယ့်အနေအထားဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်တိုက်စစ်မှူးဟောင်း ဂယ်ရီလိုင်နီကာအနေနဲ့ ရော်နယ်ဒိုဟာ မက်ဆီ၊ နေမာ၊ ဟယ်ရီကိန်းတို့ရဲ့ခြေစွမ်းကို မမီဘူးလို့ ယုံကြည်နေတာဖြစ်ပါတယ်။

play

 

Mundo Deportivo နဲ့အင်တာဗျူးအစီအစဉ်မှာ ဂယ်ရီလိုင်နီကာကို ကမ္ဘာ့အကောင်းဆုံးကစားသမားက မက်ဆီလား ရော်နယ်ဒိုလားလို့ မေးခဲ့တဲ့အခါမှာ အခုလိုပဲ ပြန်လည်တုံ့ပြန်ပြောကြားသွားခဲ့ပါတယ်။

"ကျွန်တော် ရော်နယ်ဒိုကို အရမ်းကြိုက်ပါတယ်။ ဒါပေမယ့် မက်ဆီက တခြားကမ္ဘာမှာရှိနေမယ်ဆိုရင်ပေါ့"လို့ ပြောကြားခဲ့ပါတယ်။

play

 

အစီအစဉ်တင်ဆက်သူက နောက်ထပ် ထပ်ပြီး ဒါဆိုရင် နေမာနဲ့ရော်နယ်ဒိုဆိုရင်ရောလို့ မေးမြန်းခဲ့တဲ့အခါ လိုင်နီကာက "နေမာလား၊ သူ ဘာစီလိုနာအသင်းမှာ ကစားခဲ့တုန်းအချိန်ကပေါ့။ သူက အနာဂတ်တစ်ခုပါ။ ရော်နယ်ဒိုက ကြီးကျယ်မြင့်မြတ်မှုတစ်ခုဖြစ်လိမ့်မယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

နောက်ဆုံးအနေနဲ့ သတင်းတင်ဆက်သူက လတ်တလောရေပန်းစားနေတဲ့ မေးခွန်းတစ်ခုအနေနဲ့ ဟယ်ရီကိန်းနဲ့ ရော်နယ်ဒိုဆိုရင် ဘယ်သူ့ကို ရွေးချယ်မလဲလို့ မေးမြန်းခဲ့တဲ့အခါမှာတော့ "အနာဂတ်အတွက်ဆိုရင် ဟယ်ရီကိန်းကိုပဲ ရွေးမှာပါ"လို့ ပြောကြားသွားခဲ့ပါတယ်။

Source & Photos: The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD