AD
AD
AD

ပီအက်စ်ဂျီအသင်းရဲ့တိုက်စစ်မှူး နေမာဟာ ယခုနွေရာသီမှာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့နီးစပ်နေပြီဖြစ်တယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး ယင်းကိစ္စနဲ့ပတ်သက်ပြီး ခရစ်စတီယာနိုရော်နယ်ဒိုက သူ့ရဲ့အမြင်ကို ပြောကြားခဲ့ပါတယ်။

play

 

ခရစ်စတီယာနိုရော်နယ်ဒိုကို မေးမြန်းခန်းတစ်ခုမှာ နေမာ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့လာမယ့်ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုများခံစားရလဲလို့ မေးမြန်းခဲ့ရာမှာ ရော်နယ်ဒိုက ရယ်မောခဲ့ပြီး သူ့ရဲ့အမြင်ကို အခုလိုပဲ ပြောကြားခဲ့ပါတယ်။

"မက်ဒရစ်မှာတော့ဗျာ အဲဒီလို အပြောင်းအရွှေ့ကိစ္စတွေက ဆက်ပြီး ပြောနေကြဦးမှာပါပဲ"

"ကျွန်တော် ဒီရောက်နေတာ ၈ နှစ်ရှိပါပြီ။ အမြဲတမ်း လူတွေက ကစားသမား အယောက် ၅၀ လောက် ရောက်လာမယ့်အကြောင်းကို ပြောကြတယ်။ နောက်ဆုံးကျတော့ ဘယ်သူမှလည်း ရောက်မလာပါဘူး"

"စက်တင်ဘာလမှာတော့ ကစားသမားတွေတော့ အများကြီး ရောက်လာကြပါတယ်။ ပြီးတော့ နောက်ဆုံး ဆွေးနွေးညှိနှိုင်းမှုအပြီးကျရင် တစ်ယောက်မှ မလာကြပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

play

 

နေမာဟာ ပီအက်စ်ဂျီအသင်းမှာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး ပွဲထွက်ရာသီမှာပဲ လီဂူးဝမ်းရဲ့တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ နေမာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန် မာဆေးလ်အသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် ရာသီကုန်အထိ အနားခဲ့ရပြီး လက်ရှိအချိန်မှာ ဘရာဇီးလက်ရွေးစင်အသင်းအတွက် ကစားပေးနိုင်ဖို့အတွက် ကြံ့ခိုင်မှုပြည့်ဝအောင် ပြန်လည်လေ့ကျင့်နေပြီဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD