AD
AD
AD

ယနေ့ည (မြန်မာစံတော်ချိန် သောကြာနေ့နံနက်) မှာတော့ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ်များကို ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။ ယူရိုပါလိဂ်ကွာတားဖိုင်နယ်ပွဲစဉ် (၄)ပွဲလုံးကို တပြိုင်နက်တည်း ကစားသွားမှာလည်း ဖြစ်ပါတယ်။

play

 

ဒီနေ့ပွဲစဉ်တွေထဲမှာဆိုရင်တော့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ် နဲ့ ရုရှကလပ် စီအက်စ်ကေအေအသင်းတို့ ပွဲစဉ်လည်း ပါဝင်နေပြီးတော့ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းအီးမရိတ်စ်မှာ ကစားသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ အသင်းနှစ်သင်းနဲ့ ပတ်သက်ပြီး ပရိသတ်တွေ သိထားသင့်မယ့် စိတ်ဝင်စားဖွယ် အချက်အလက်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

play

 

- အာဆင်နယ် နဲ့ စီအက်စ်ကေအေတို့ဟာ သမိုင်းတစ်လျှောက် တတိယအကြိမ်မြောက် တွေ့ဆုံတာဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် ချန်ပီယံလိဂ်မှာ တွေ့ဆုံခဲ့စဉ်ကတော့ စီအက်စ်ကေအေအသင်းက အာဆင်နယ်ကို သူ့အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့ အနိုင်ယူခဲ့ပြီးတော့ အာဆင်နယ် အိမ်ကွင်းမှာတော့ ဂိုးမရှိသရေကျခဲ့ပါတယ်။ ဒါကြောင့်မို့ အစဉ်အလာအရ ထိပ်တိုက်တွေ့ဆုံမှုမှာ စီအက်စ်ကေအေအသင်းက အသာစီးရနေတာ ဖြစ်ပါတယ်။

 

- အာဆင်နယ်အသင်းဟာ ယူရိုပါလိဂ်မှာ (၇) ပွဲအထိ အနိုင်ရှိထားပြီး ရှုံးပွဲ (၂)ပွဲ ရှိထားပါတယ်။

 

- CSKA ဂိုးသမား အကင်ဖိဗ်ဟာ ယူရိုပါလိဂ်မှာတော့ အသင်းအတွက် မိနစ်တိုင်း ကစားထားပြီး ပွဲပေါင်း (၁၄)ပွဲမှာ (၇)ပွဲကို ပေးဂိုးမရှိအောင် စွမ်းဆောင်ပေးထားနိုင်ပါတယ်။

 

-ပြင်သစ်က ရုရှကို အနိုင်ရခဲ့တဲ့ နိုင်ငံတကာခြေစစ်ပွဲမှာတော့ အာဆင်နယ်နောက်ခံလူ ကိုစီယယ်နီဟာ CSKA ကစားသမားတွေဖြစ်တဲ့ ဒီဇာဂေါ့ဗ်၊ ဂိုလိုဗင်တို့နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။  အဲဒီပွဲမှာတော့ ပြင်သစ်က ရုရှကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။

 

- ၂၀၁၆ ယူရိုဖလားပွဲမှာတော့ ဝေးလ်အသင်းနဲ့ရုရှအသင်းတို့ ဆုံတွေ့ခဲ့ကြဖူးပြီး အဲဒီတုန်းကတော့ အာဆင်နယ်ကွင်းလယ်လူ ရမ်ဆေးဟာ CSKA ဂိုးသမား အကင်ဖိဗ်ကို ဂိုးသွင်းယူဖူးခဲ့ပါတယ်။

 

- အာဆင်နယ်ကွင်းလယ်တိုက်စစ်ကစားသမား မစ်ခီတာရန်ကတော့ မန်ယူအသင်းနဲ့အတူ ယူရိုပါလိဂ်ဖလားကို ဆွတ်ခူးဖူးသူ ဖြစ်ပြီးတော့ သူဟာ CSKA အသင်းနဲ့ ရင်ဆိုင်ဖူးသူဖြစ်ပါတယ်။ မန်ယူအသင်းနဲ့ CSKA တို့ ယခုနှစ် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့စဉ်က မန်ယူအတွက် ပွဲသိမ်းဂိုးကို သွင်းယူပေးခဲ့သူက မစ်ခီတာရန်ဖြစ်ပါတယ်။

 

- အာဆင်နယ်ဂိုးသမား ပီတာဆက်ခ်ျဟာလည်း CSKA နဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ ဒါပေမယ့်လည်း သူဟာ ချယ်လ်ဆီးအသင်းသားဘ၀မှာ ရင်ဆိုင်ခဲ့ရတာဖြစ်ပြီးတော့  ချန်ပီယံလိဂ်မှာ နှစ်ကြိမ်ကစားဖူးခဲ့ပြီး အဲဒီနှစ်ပွဲစလုံးမှာ ပီတာဆက်ခ်ျဟာ ပေးဂိုးမရှိခဲ့ပါဘူး။

 

- CSKA အသင်းတိုက်စစ်မှူး မူဆာကတော့ ပရီးမီးယားလိဂ်ကလပ် လက်စတာစီးတီးမှနေ အငှားလာရောက်ကစားနေသူဖြစ်ပြီးတော့ သူဟာ အာဆင်နယ်အသင်းနဲ့ ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပါတယ်။

 

- CSKA ညာနောက်ခံလူ နာဘာဘီကင်ကတော့ ဒီနေ့ပွဲစဉ်အတွက် ပွဲပယ်ခံထားရပါတယ်။

Source : UEFA

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD