AD
AD
AD

ခရိုအေးရှား တတိယတန်း ကလပ် အသင်းပွဲစဉ်တစ်ပွဲမှာ မာဆိုနီရာ အသင်းမှ ကစားသမားတစ်ဦးမှာ ပွဲကစားနေစဉ်အတွင်း ရင်ဝကို ဘောလုံး ထိမှန်ခဲ့မှုကြောင့် ကွင်းအတွင်း လဲကျသေဆုံးခဲ့တယ်လို့သိရပါတယ်။

play

 

ပိုဇာဂါအသင်းနဲ့ ကစားနေတဲ့ ခရိုအေးရှားတတိယတန်း အမှတ်ပေးပွဲစဉ်အတွင်း မာဆိုနီရာအသင်းမှ အသက် ၂၅ နှစ်အရွယ် ကစားသမား ဘရူ နို ဘိုဘန်မှာ ဘောလုံးထိမှန်ခဲ့မှုကြောင့် ကွင်းအတွင်းလဲကျခဲ့တာဖြစ်ပြီး ၎င်းကို လူနာတင်ယာဉ်ဖြင့် အရေးပေါ် အသက်ကယ်တင်မှုကို မိနစ် ၄၀ မျှကြာအောင်ဆောင်ရွက်ပေးခဲ့ပေမယ့်လည်း အချိန်မမီခဲ့ပဲ ကွယ်လွန်ခဲ့တာ ဖြစ်တယ်လို့ ဆေးအဖွဲ့က အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

play

 

၎င်းဟာ ခရိုအေးရှား တတိယတန်းရဲ့ ဂိုးသွင်းဘုရင်တစ်ဦးဖြစ်ပြီး ၎င်းနည်းတူ ယခုနှစ်အစောပိုင်းတုန်းကလည်း အပျော်တမ်း ဝေးလ်လူမျိုး ဘောလုံးသမားဖြစ်တဲ့ ဂျိုးဇက်ဟာလည်း ပွဲကစားနေစဉ်ကွင်းအတွင်း လဲကျ သေဆုံးခဲ့ပါတယ်။

play

 

ဒါ့အပြင် မကြာသေးမီကလည်း အီတလီလက်ရွေးစင်ဟောင်း ဖီအိုရင်တီးနားအသင်းရဲ့ နောက်ခံလူ ဒါဗီဒီဟာလည်း ဘောလုံးကစားဖို့ အနားယူ နေစဉ် ဟိုတယ်ခန်းအတွင်း သေဆုံးနေခဲ့ပါတ်။

Source- The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD