AD
AD
AD

မက်ဆီနဲ့ရော်နယ်ဒိုဟာ ၂၁ ရာစု ဘောလုံးမျိုးဆက်ရဲ့ အတော်ဆုံး ကစားသမားတွေလို့ ဆိုလို့ရပါတယ်။ စံချိန်တွေကို သူထက်ငါ အပြိုင်တင်နေ ကြသူတွေလည်း ဖြစ်ပါတယ်။

ယခုဖော်ပြပေးမှာကတော့ မက်ဆီတင်ရှိထားတဲ့ စံချိန် (၅)ရပ်ဖြစ်ပြီး အဆိုပါ စံချိန်တွေကိုတော့ အခြားသူများ မဆိုနဲ့ ရော်နယ်ဒိုတောင်ချိုးဖျက် ဖို့ ခက်ခဲမယ့် စံချိန် (၅)ရပ်ပဲ ဖြစ်ပါတယ်။

play

 

(၅) တစ်ရာသီအတွင်း လိဂ်ဂိုး(၅၀) သွင်းယူထား
-----------------------------------------------

၂၀၁၁-၁၂ ဘောလုံးရာသီကတော့ လီယွန်နယ်မက်ဆီရဲ့ နှစ်လို့ ဆိုရမှာပါ။ လာာလီဂါ ပွဲစဉ် ၃၇ ပွဲအထိ ပါဝင်ကစားနိုင်ခဲ့ပြီး စုစုပေါင်း သွင်းဂိုး ၅၀ သွင်းယူနိုင်ခဲ့ပါတယ်။

၎င်းရဲ့ဂိုးသွင်းနှုန်းကတော့ တစ်ပွဲပျမ်းမျှ ၁.၃၅ နှုန်းအထိရှိနေခဲ့တာလည်း ဖြစ်ပါတယ်။

၂၀၁၄-၁၅ ဘောလုံးရာသီမှာတော့ အဆိုပါ စံချိန်ကို ရော်နယ်ဒို မီဖို့နီးစပ်ခဲ့ပေမယ့်လည်း လာလီဂါ ပွဲစဉ် ၃၅ ပွဲသာ ကစားနိုင်ခဲ့ပြီး သွင်းဂိုး ၄၈ ဂိုးအထိသာ သွင်းယူနိုင်ခဲ့ပါတယ်။

ဒီစံချိန်ကတော့ ရော်နယ်ဒိုအတွက် ယနေ့အချိန်ထိ ပြန်မရနိုင်သေးတဲ့ စံချိန်တစ်ရပ်ဖြစ်ပြီးတစ်ရာသီအတွင်း လိဂ်သွင်းဂိုး ၅၀ပြည့်မီဖို့ဆိုရင် တော့ နောက်တစ်ကြိမ် ပြန်ကြိုးစားဖို့ တော်တ်ာလေး ခက်ခဲမယ့် အနေအထားမှာ ရှိနေတာလည်း ဖြစ်ပါတယ်။

play

 

(၄) ၄ ကြိမ်ဆက် ဘလွန်းဒီအောဆုရရှိထားခြင်း
----------------------------------------------

၂၀၀၉ ခုနှစ်မှာ မက်ဆီ ဘလွန်းဒီအောဆု ရရှိခဲ့ပါတယ်။ အဆိုပါ အချိန်တုန်းက မက်ဆီဟာ ဘလွန်းဒီအောဆုကို ၄ ကြိမ်ဆက်ရရှိလိမ့်မယ်လို့ ဘယ်သူမှ ထင်ထားမှာ မဟုတ်ပါဘူး။တစ်ကယ်လည်း မက်ဆီဟာ ၂၀၁၀၊၂၀၁၁၊၂၀၁၂ တွေမှာ ဘလွန်းဒီအောကို ၄ နှစ်ဆက်တိုက် ဆွတ်ခူးခဲ့ ပါတယ်။

ဒီလိုစံချိန်ဟာ တစ်ချိန်က ဘလွန်းဒီအောဆုကို ၃ကြိမ်ဆက် ရရှိခဲ့တဲ့ ပလာတီနီရဲ့စံချိန်ကိုပါ ချိုးဖျက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။လက်ရှိမှာ ဘလွန်းဒီအောဆုကို ရော်နယ်ဒိုနဲ့အတူ တစ်ဦးလျှင် ၅ ကြိမ်စီ ရရှိထားပြီးဖြစ်ပြီး၊ရော်နယ်ဒိုအနေနဲ့ ဘလွန်းဒီအောဆုကို အကြိမ်ရေ တူညီအောင် စွမ်းဆောင်ထားနိုင်ပေမယ့်လည်း ယခုလို ၄ကြိမ်ဆက်တိုက် ဆွတ်ခူးနိုင်ဖို့ကိုတော့ မစွမ်းဆောင်နိုင်ခဲ့ပါဘူး။

နောက်ထပ် စွမ်းဆောင်ပြဖို့လည်း အင်မတန်ခက်ခဲနေတဲ့ အနေအထားမှာ ရှိနေတာကြောင့်လည်း ဒီစံချိန်ဟာ ရော်နယ်ဒိုအိပါအ၀င် အခြား ကစားသမားတွေ ချိုးဖျက်ဖို့ ခက်ခဲနေအုံးမယ့် မက်ဆီရဲ့ စံချိန်ကောင်းတစ်ခုပါပဲ။

play

 

(၃) အယ်လ်ကလက်စီကိုတိုက်ပွဲအတွင်း ဂိုးဖန်တီးထားမှု
-------------------------------------------------------

အယ်လ်ကလက်စီကို တိုက်ပွဲဆိုတာ ရီးရဲကို ရော်နယ်ဒိုမရောက်ခင် ဘာစီလိုနာမှာ မက်ဆီလို့ မရှိသေးချိန်ကလည်းက ပြင်းထန်နေခဲ့တာပါ။

သို့သော်လည်း ၎င်းတို့နှစ်ဦးရောက်လာခဲ့ပြီးတဲ့အချိန်ကနေစတင်ပြီးတော့ ပိုမိုပြင်းထန်လာခဲ့တာလည်း ဖြစ်ပါတယ်။

ဒီနှစ်သင်းတွေ့ဆုံထားသမျှ သမိုင်းကြောင်းအရ ဂိုးသွင်းအများဆုံးကစားသမားကတော့ မက်ဆီပင်ဖြစ်ပြီး ၂၅ ဂိုးအထိ သွင်းယူထားနိုင်ပါတယ်။ ရော်နယ်ဒိုကတော့ ၁၇ ဂိုးသာ သွင်းယူထားနိုင်ပြီး ၈ ဂိုးလောက်ကွာဟနေတာလည်း ဖြစ်ပါတယ်။

သွင်းဂိုးအရဆိုရင်တော့ ရော်နယ်ဒိုအနေနဲ့ လိုက်မီဖို့ ဖြစ်နိုင်သေးတယ်လို့ သုံးသပ်ချင်ပြီး ဂိုးဖန်တီးမှုအရဆိုရင်တော့ မက်ဆီက ၁၄ ကြိမ်အထိ ပြုလုပ်ထားနိုင်ပြန်ကာ ရော်နယ်ဒိုကတော့ ၁ ကြိမ်သာ ဂိုးဖန်တီးမှု ပြုလုပ်ထားနိုင်တာလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်း ဒီနေရာမှာ မက်ဆီကို ရော်နယ်ဒိုလိုက်မီဖို့ဆိုရင် တော်တော်လေးကို ခက်ခဲနေအုံးမယ့် အနေအထားမှာရှိနေပြန်တာလည်း ဖြစ် ပါတယ်။

play

 

(၂) နှစ်နှစ်ဆက်တိုက် ပြိုင်ပွဲစုံ ဂိုး ၆၀ ကျော်သွင်းယူထားနိုင်ခြင်း
---------------------------------------------------------------

လီယွန်နယ်မက်ဆီဟာ သမိုင်းတစ်လျှောက် ဘောလုံးရာသီ နှစ်နှစ်ဆက်တိုက် ပြိုင်ပွဲစုံမှာ ဂိုး ၆၀ ကျော်သွင်းယူထားနိုင်တဲ့ တစ်ဦးတည်းေးသာ ကစားသမားဖြစ်ပါတယ်။

၂၀၁၁-၁၂ ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ပွဲ ၆၀ ကစားခဲ့ပြီး သွင်းဂိုး စုစုပေါင်း ၇၃ ဂိုးအထိသွင်းယူနိုင်ခဲ့သလို ၂၀၁၂-၁၃ ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံ ပွဲ ၅၀ ကစားခဲ့ပြီး ဂိုး ၆၀ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုကလည်း ၎င်းရဲ့ ကစားသမားဘ၀မှာ မက်ဆီလိုပဲ ဂိုး ၆၀ ကျော်သွင်းကို နှစ်ရာသီ သွင်းယူထားနိုင်ခဲ့ပြန်ပါတယ်။ ၂၀၁၁-၁၂ မှာ ပွဲ ၅၅ ပွဲကစားပြီး ဂိုး ၆၀ ကိုလည်းကောင်း ၂၀၁၄-၁၅ ရာသီမှာလည်း ၅၄ ပွဲကစားပြီး ၆၁ ဂိုးကိုလည်းကောင်း သွင်းယူထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း မက်ဆီလို နှစ်နှစ်ဆက်တိုက် သွင်းယူထားနိုင်ခြင်းမျိုးတော့ မဟုတ်ပဲ ယခုနှစ်မှာလည်း ဂိုး ၆၀ မပြည့်သေးတာကြောင့်ဒီစံချိန်က လည်း ရော်နယ်ဒို မက်ဆီကို ပြန်ချိုးဖျက်ပြနိုင်ဖို့ ခက်ခဲနေမှာ ဖြစ်ပါတယ်။

play

 

(၁) ပြက္ဒိန်နှစ်ရဲ့ ဂိုးအများဆုံးသွင်းထားသူ
-----------------------------------------

၂၀၁၂ ခုနှစ် တစ်နှစ်တည်းမှာ မက်ဆီဟာ နိုင်ငံနဲ့ ကလပ်အသင်း ပွဲပေါင်း ၆၉ ပွဲကစားထားခဲ့ပြီး ဂိုးပေါင်း ၉၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ဒီစံ ချိန်ဟာ ၁၉၇၂ ခုနှစ်က ဂျာမနီကစားသမားကြီး ဂတ်မူလာတင်ရှိထားတဲ့ သွင်းဂိုး ၈၅ ဂိုးစံချိန်ကိုတောင် လွန်ထွက်သွားပါသေးတယ်။

ဒါ့အပြင် တစ်နှစ်တည်းမှာပဲ လိဂ်သွင်းဂိုး ၅၀ နဲ့  တစ်ရာသီအတွင်း ဂိုးအများဆုံး ၇၃ ဂိုးအထိသွင်းယူထားနိုင်တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုကတော့ ၂၀၁၃ ခုနှစ်မှာ နိုင်ငံနဲ့ ကလပ်အသင်းအပါအ၀င် ပွဲပေါင်း ၅၉ ပွဲကစားထားခဲ့ပြီး ၆၉ ဂိုးသာ အမြင့်ဆုံးသွင်းယူထားနိုင်တာ လည်းဖြစ်ပါတယ်။

ယခုနှစ် ၂၀၁၈ ခုနှစ် ဇန်န၀ါရီကနေစတင်ပြီး ရော်နယ်ဒိုဟာ သွင်းဂိုး ၂၁ ဂိုးသာ သွင်းယူထားနိုင်သေးပြီး ၂၀၁၈ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ၉၁ ဂိုး ထက်ကျော်လွန်အောင်သွင်းနိုင်မလားဆိုတာ စိတ်ဝင်စားဖွယ်စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD