AD
AD
AD

ယနေ့ည(မြန်မာစံတော်ချိန် စနေနေ့ နံနက်)မှာ ယှဉ်ပြိုင်ကစားမယ့် နယ်သာလန်နဲ့ အင်္ဂလန်အသင်းတို့ရဲ့ နိုင်ငံတကာခြေစမ်းပွဲကို နယ်သာာ လန်နိုင်ငံ အမ်စတာဒမ်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး အင်္ဂလန်ပရိသတ်များ လိုက်ပါအားပေးကြပါတယ်။

play

 

မနေ့က ကြာသပတေးနေ့မှာတော့ ခြင်္သေ့သုံးကောင် တိုက်ပွဲလို့ တင်စားခေါ်ဝေါ်နေကြတဲ့ အင်္ဂလန်၊နယ်သာလန်နဲ့ အီတလီတို့ရဲ့ ခြေစမ်းပွဲစဉ် မှာ မနက်ဖြန်မှာကစားမယ့် နယ်သာလန်နဲ့အင်္ဂလန်အသင်းတို့ရဲ့ ခြေစမ်းပွဲစဉ်ကို အင်္ဂလန်ပရိသတ်တွေ နယ်သာလန်နိုင်ငံအထိ လိုပ်ပါ အားပေး နေကြတာဖြစ်ပါတယ်။

play

 

ယင်းကဲ့သို့ လိုက်ပါနေခဲ့ရာတွင် အမ်စတာဒမ်မြို့ရဲ့ အထင်ကရတစ်ခုဖြစ်တဲ့ အမ်စတာဒမ်တူးမြောင်းပေါ်ကနေ အင်္ဂလန်ပရိသတ်တစ်ဦး ဒိုင်ဗင် ထိုးဆင်းခဲ့တာကို မီဒီယာအချို့က မှတ်တမ်းတင်နိုင်ခဲ့ကြပြီး ရေဆာလို့ ရေသောက်ဆင်းခဲ့တာ ဖြစ်ဟန်တူတယ်လို့ မှတ်ချက်ပြု ရေးသားဖော်ပြ လာခဲ့ကြပါတယ်။

အဆိုပါ ပရိသတ်တစ်ဦးအနေနဲ့ ဒိုင်ဗင်မဆင်းခင် အပေါ်အကျီ င်္ကို အရင်ဆုံး ချွတ်ပစ်ခဲ့သေးတယ်လို့လည်း သိရပါတယ်။

အင်္ဂလန်အနေနဲ့ အီတလီနဲ့ ခြေစမ်းပွဲမကစားခင် မနက်ဖြန်မှာ နယ်သာလန်နဲပအဝေးကွင်း ခြေစမ်းပွဲစဉ်ကို အရင်ကစားမှာ ဖြစ်ပြီး ကမ္ဘာ့ဖလား အကြိုပြင်ဆင်မှုအဖြစ် ကစားခြင်း ဖြစ်ပါတယ်။

နယ်သာလန်နဲ့ အီတလီတို့ကတော့ ယခုနှစ်မှာ ကမ္ဘာ့ဖလား ၀င်ခွင့်နဲ့ လွဲချော်ထားခဲ့ရသူတွေလည်း ဖြစ်ပါတယ်။

Source- Mirror

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD