AD
AD
AD

ကာဂျစ်အသင်းကို အရေးနိမ့်ပြီးနောက် အာရှဖလား ၀င်ခွင့်ကို လက်လွှတ်ခဲ့ရတဲ့ မြန်မာ့ဘောလုံးလောကကို ရတနာပုံအသင်းပိုင်ရှင် ဒေါက်တာ စိုင်းဆမ်ထွန်းက ဝေဖန်ပြောကြားမှု တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

play

 

ဒေါက်တာစိုင်းကပြောရာမှာတော့ -"ကျွန်တော် တစ်ဦးတစ်ယောက်တည်းအနေနဲ့ ပြောရရင် လက်ရွေးစင်အသင်းက ငွေကြေး အများအပြား အကုန်အကျခံခဲ့ပေမယ့် မျှော်လင့်သလောက်ဖြစ်မလာခဲ့ဘူး။ မအောင်မြင်ဘူးလား ဆိုတော့ အထိုက်အလျောက် တော့ အောင်မြင်တယ်။ ဒါပေမဲ့ မျှော်လင့်ထားတဲ့ အာရှဖလားခြေ စစ်ပွဲမျိုး မအောင်မြင်လာခဲ့ဘူး" လို့ ပြောခဲ့ပါတယ်။

play

 

မြန်မာအသင်းအနေနဲ့ ၂၀၁၉ အာရှဖလား ခြေစစ်ပွဲမှာ ကာဂျစ်၊အိန္ဒိယနဲ့ မကာအိုအသင်းများနဲ့ တစ်အုပ်စုတည်းကျရောက်ခဲ့ပေမယ့်လည်း ခြေ စစ်ပွဲအောင်မြင်ဖို့ မစွမ်းဆောင်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ခြေစစ်ပွဲတစ်လျှောက် အိန္ဒိယကို တစ်ပွဲသရေ တစ်ပွဲရှုံး၊ကာဂျစ်ကို တစ်ပွဲသရေ တစ်ပွဲရှုံးပြီး မကာအိုကိုတော့ နှစ်ကျော့စလုံးအနိုင်ယူနိုင်ခဲ့ပါ တယ်။

"မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဖက်က ငွေကြေးများစွာ စိုက်ထုတ်ပြီး သုံးစွဲပေးခဲ့ပေမယ့်လည်း မြန်မာ့ဘောလုံးလောက ထင်သလောက် မအောင်မြင် ဖြစ်နေရတာကို ကျွန်တော်တို့ အဖြေရှာဖို့ လိုပါပြီ။ဒါကြောင့် ကျွန်တော့်အနေနဲ့ ပြောရရင် လူငယ်ဘောလုံးပွဲတော် တွေလုပ်ပြီး အောက်ခြေကို အခြေခိုင်အောင် အရင်လုပ်ချင်တယ်။ ဒါမှ လူငယ်ကစားသမားတွေ မွေး နိုင်ပြီး တစ်အုပ်စုလုံးတက်လာနိုင် မှ နောင်ငါးနှစ်၊ ၁၀ နှစ်လောက် ဆို မြန်မာ့ဘောလုံးက အဆင့်တစ်ခုရောက်လာနိုင်မှာပါ။" လို့ ဒေါက်တာစိုင်းက ဆက်လက် အကြံပြု ပြောခဲ့ပါတယ်။

ဒေါက်တာ စိုင်းဆမ်ထွန်းမှာ ရတနာပုံအသင်း ပိုင်ရှင်ဖြစ်ပြီး မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရဲ့ ဒုတိယ ဥက္ကဌတာဝန်ကိုလည်း တာဝန်ယူထား သူ ဖြစ်ပါတယ်။

၎င်းရဲ့ ရတနာပုံအသင်းမှ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး အောင်သူကိုလည်း ထိုင်းလိဂ်(၁)ကလပ် Police Tero အသင်းကို တစ်ရာသီအငှား နဲ့ သွားရောက်ကစားထားစေသူလည်း ဖြစ်ပါတယ်။

Source- 7 day

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD