AD
AD
AD

ဒိန်းမတ်လက်ရွေးစင်အသင်းရဲ့နည်းပြ အေ့ဂ်ျဟဲရိတ်ဒ်ဟာ ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာကို ဆံပင်တစ်ခုတည်းသာ ဂရုစိုက်တဲ့သူလို့ စွပ်စွဲပြောကြားလိုက်ပြီး ဘာမှ ထူးခြားတဲ့ကစားသမားမဟုတ်ဘူးလို့ လှောင်ပြောင်ခဲ့ပါတယ်။

play

 

ဒိန်းမတ်အသင်းဟာ အုပ်စု C မှာ ပြင်သစ်၊ သြစတြေးလျ၊ ပီရူးအသင်းတို့နဲ့အတူ ကျရောက်နေတာဖြစ်ပြီး မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာဟာ ပြင်သစ်အသင်းရဲ့အဓိက ကစားသမားဖြစ်ပေမယ့် ဟဲရိတ်ဒ်က ဝေဖန်ပြစ်တင်ခဲ့တာဖြစ်ပါတယ်။

play

 

"သူ မန်ချက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ ဆံပင်ကို အဖြူရယ်၊ အပြာရယ်ဆိုးပြီး ကစားခဲ့တယ်လေ။ ကျွန်တော်တို့နဲ့ တွေ့မယ့်ပွဲစဉ်ကျရင်လည်း အဖြူနဲ့ အနီများ ဆေးဆိုးပြီး ကစားမလားမသိဘူး"

"သူ့ရဲ့ဆံပင်တစ်ခုတည်းပဲ သူ ဂရုစိုက်တာလား"

play

 

ပြင်သစ်အသင်းဟာ ကမ္ဘာ့အဆင့်ရပ်တည်မှုမှာ အဆင့် ၇ နေရာမှာ ရပ်တည်နေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခြေရှိတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ ဒိန်းမတ်အသင်းရဲ့နည်းပြ ဟဲရိတ်ဒ်ကတော့ ပြင်သစ်အသင်းကို ကြောက်ရွံ့နေစရာတစ်ခုမှ မမြင်မိကြောင်းပြောကြားခဲ့ပါတယ်။

"ပြင်သစ်အသင်းက အဲဒီလောက် ကောင်းမယ်လို့ ကျွန်တော် မယုံကြည်ပါဘူး"

"ကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးက ရှိနေတဲ့အသင်းတွေက အသင်းကောင်းတွေပါ။ ဒါပေမယ့် အဲဒါက ပြင်သစ်အသင်းအတွက်တော့ မဟုတ်ပါဘူး"

"ကျွန်တော် စတော့ခ်ဟုမ်းမှာတုန်းက ဆွီဒင်နဲ့ကန်တဲ့ပွဲစဉ်တုန်းက ပြင်သစ်အသင်းကို မြင်ခဲ့ရတယ်။ ဘာမှ ထူးခြားနေတာမရှိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

play

 

ဒိန်းမတ်အသင်းဟာ လာမယ့်ဇွန်လ ၁၆ ရက်နေ့မှာ ပီရူးအသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် တွေ့ဆုံယှဉ်ပြိုင်ကစားသွားဖို့ ရှိနေပါတယ်။

Source & Photos: Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD