AD
AD
AD

နိုင်ငံပွဲစဉ်တွေနဲ့ ကလပ်အသင်းပွဲစဉ်တွေအကြား အိမ်အပြန်လမ်းမှာ ရော်နယ်ဒိုကတော့ စီးပွားရေးတစ်ခုကို လုပ်ဆောင်လိုက်ပြီလည်း ဖြစ်ပါတယ်။

play

 

ဒီစီးပွားရေးကတော့ သူ့ရဲ့ ပထမဆုံး စီးပွားရေးတော့မဟုတ်ပဲ ၎င်းလုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေထဲက လုပ်ငန်းတစ်ခုအနေနဲ့သာ ဖြစ်ပြီး ဒီတစ်ကြိမ်မှာ လုပ်ဆောင်ခဲ့တာကတော့ အမျိုးသားဝတ် အတွင်းခံ ဘောင်းဘီ ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။

play

 

ယခု ထုတ်လုပ်လိုက်တဲ့ အမျိုးသားဝတ် အောက်ခံဘောင်းဘီရဲ့ နာမည်ကိုတော့ ရော်နယ်ဒိုက "Double Trouble" လို့ အမည်ပေးထားပြီး ခါးစည်းမှာတော့ ၎င်းရဲ့ နာမည်ကို ရေးထိုးထားတာလည်း ဖြစ်ပါတယ်။

အဆိုပါ ဘောင်းဘီကို ရော်နယ်ဒိုကသူကိုယ်တိုင် ၀တ်ဆင်ပြီး ၎င်းရဲ့ အင်စတာဂရမ်မှာ ကြေညာခဲ့ရာမှာတော့ ၃ နာရီအတွင်းမှာပင်  လိုက်ခ် ပေးသူပေါင်း ၂ သန်းကျော်ခဲ့တာကိုလည်း တွေ့ မြင်ခဲ့ရပါတယ်။

ပေါ်တူဂီအသင်းနဲ့ နိုင်ငံတကာ ခြေစမ်းပွဲ ၂ ပွဲကစားအပြီးမှာ ကလပ်အသင်းနဲ့ ပွဲစဉ်ကို လာမယ့် စနေနေ့မှာ ပြန်ကစားရဖို့ ရှိနေတာ ဖြစ်ပေမယ့် လည်း ရော်နယ်ဒိုကတော့ စီးပွားရေးအမြင်ကျယ်လှစွာပင် ယခုလို ၎င်းရဲ့ ထုတ်ကုန်တစ်ခုကို မနားမနေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

လာမယ့် စနေနေ့မှာတော့ လက်စ်ပါးမားအသင်းနဲ့ လာလီဂါပွဲစဉ်ကစားဖို့ရှိနေတာ ဖြစ်ပြီး အဆိုပါ ပွဲအပြီးမှာလည်း ကြာရက်မှာ ဂျူဗင်တပ် အသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို ဆက်လက်ကစားရမှာလည်း ဖြစ်ပါတယ်။

Source- Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD