AD
AD
AD

ယနေ့ညနေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့် မဲခွဲပွဲရဲ့ရလဒ်တွေကတော့ ပေါ်ထွက်လို့လာခဲ့ပါပြီ။ လက်ရှိချန်ပီယံရီးရဲမက်ဒရစ်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ တွေ့ဆုံနေပြီး လီဗာပူးအသင်းနဲ့ ရိုးမားအသင်းတို့ တွေ့ဆုံခဲ့ပါတယ်။

လီဗာပူး Vs ရိုးမား

play


လီဗာပူးအသင်းနဲ့ ရိုးမားအသင်းတို့ဟာ လာမယ့် ဧပြီလ ၂၄ ရက်ည သို့မဟုတ် ၂၅ ရက်နေ့ညမှာ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပြီး ရိုးမားအသင်းဟာ အန်းဖီးကွင်းကို လာရောက်ပြီး ပထမအကျော့ပွဲစဉ်အဖြစ် လီဗာပူးအသင်းကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။

လီဗာပူးအသင်းအနေနဲ့ ဘွန်ဒက်စ်လီဂါထိပ်သီး ဘိုင်ယန်နဲ့ စပိန်ဘီလူး ရီးရဲမက်ဒရစ်အသင်းတို့ကို ရှောင်လွှဲနိုင်ခဲ့တာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ် Vs ရီးရဲမက်ဒရစ်

play


ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရီးရဲမက်ဒရစ်အသင်းတို့ဟာ ပြီးခဲ့တဲ့နှစ်တွေက ရှုံးထွက်အဆင့်မှာ ၃ ကြိမ်အထိ တွေ့ဆုံထားခဲ့ပြီး ၂၀၁၃-၂၀၁၄ ရာသီတုန်းက ရီးရဲမက်ဒရစ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းကို ၅ ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ဖူးပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ ရီးရဲမက်ဒရစ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံထားမှုမှာတော့ ဘိုင်ယန်မြူးနစ်အသင်းက အသာစီးရရှိထားပြီး ၁၁ ပွဲအနိုင်ရရှိထားပါတယ်။ ရီးရဲမက်ဒရစ်အသင်းကတော့ ၉ ပွဲအနိုင်ရရှိထားပြီး ၂ ပွဲသရေကျထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD