AD
AD
AD

သောကြာနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ စပိန်အသင်းနဲ့ ဂျာမနီအသင်းတို့ရဲ့ပွဲစဉ်မှာ အံ့မခန်းလက်စွမ်းပြကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့တဲ့ စပိန်လက်ရွေးစင်ဂိုးသမား ဒေးဗစ်ဒီဂီယာကို ဂျာမနီအသင်းရဲ့ကွင်းလယ်ကစားသမား ဂျူလီယန်ဒရက်စ်လာက ချီးကျူးလိုက်ပါတယ်။

play

play

ပထမပိုင်း ၆ မိနစ်မှာ ရိုဒရီဂိုရဲ့သွင်းဂိုးနဲ့ စပိန်အသင်းက ဦးဆောင်နေခဲ့တာဖြစ်ပြီး ၃၆ မိနစ်မှာ သောမတ်စ်မူလာရဲ့အဝေးကန်သွင်းချက်ကို ဒီဂီယာဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ ပွဲပြီးဆုံးချိန်မှာတစ်ဖက်နဲ့တစ်ဖက် ၁ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ကွင်းလယ်ကစားသမား ဒရက်စ်လာဟာ ယင်းပွဲစဉ်မှာ ဒီဂီယာရဲ့ ဂိုးအပေါ်ထောင့်ကို ကန်သွင်းခဲ့ပေမယ့် ဒီဂီယာက ညာလက်ကို အစွမ်းကုန်ဆန့်ထုတ်ပြီး ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီး ဒရက်စ်လာကို အံ့အားသင့်စေခဲ့တာဖြစ်ပါတယ်။

play

 

ယခုရာသီမှာ ဒီဂီယာရဲ့လက်စွမ်းနဲ့ပတ်သက်ပြီး ပြိုင်ဘက်ကစားသမားတွေရဲ့ ချီးကျူးခြင်းကိုခံရတာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာတုန်းကလည်း ဆီဗီလာအသင်းရဲ့တိုက်စစ်မှူး မူရီရယ်ရဲ့ အနီးကပ်အပိုင်ခေါင်းတိုက်သွင်းယူမှုကို ကာကွယ်နိုင်ခဲ့တာကြောင့် မူရီရယ်ကိုယ်တိုင် ဒီဂီယာကို ချီးကျူးစကား ပြောကြားခဲ့ဖူးပါတယ်။

Source & Photos: Metro

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD