AD
AD
AD

ယနေ့နံနက် ဘာစီလိုနာအသင်းကို အိမ်ကွင်းမှာ အံ့အားသင့်ဖွယ် သုံးဂိုးသွင်းယူပြီး ၂ ကျော့ပေါင်း တစ်ဖက် ၄ ဂိုးစီ သရေကျခဲ့ပေမယ့် အဝေးဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ရိုးမားအသင်းရဲ့တိုက်စစ်မှူး ဒီဇီကိုဟာ ဆီမီးဖိုင်နယ်ကို တက်ရောက်ခွင့်ရလို့ ပျော်ရွှင်မိကြောင်း ပြောကြားခဲ့ပါတယ်။

play

 

ရိုးမားအသင်းအတွက် အဖွင့်ဂိုးသွင်းယူပေးခဲ့တဲ့ ဒီဇီကိုက မိမိကို ပြီးခဲ့တဲ့ ဇန်နဝါရီလက ချယ်ဆီးအသင်းက ကမ်းလှမ်းခဲ့ပေမယ့် အသင်းက ပယ်ချခဲ့ကြောင်း၊ တကယ်လို့သာ မပယ်ချခဲ့ဘူးဆိုရင် မိမိအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိနိုင်မှာမဟုတ်ကြောင်း ဟာသလုပ်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။

play

 

"အဲဒါ မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် ကျွန်တော် ဒီမှာပဲ နေခဲ့တယ်။ ပြီးတော့ ဆီမီးဖိုင်နယ်အဆင့်ကို ရောက်ရှိလာတာ အရမ်းဝမ်းသာပါတယ်"

"အသင်းကလည်း ပျော်ရွှင်နေလိမ့်မယ်လို့ ထင်ပါတယ်။ အပြောင်းအရွှေ့အကြောင်း မပြောဘဲနေကြရအောင်။ ငွေကြေးက အရေးမပါပါဘူး"

"ဒီပွဲစဉ်က အကောင်းဆုံးဖြစ်ခဲ့ပါတယ်။ နောက်လာမယ့်ပွဲတွေမှာ ပိုလို့တောင် ကောင်းရင် ကောင်းလာနိုင်ပါသေးတယ်။ ဒီပွဲစဉ်ဟာ ကျွန်တော်တို့ ဘယ်သူနဲ့မဆို ယှဉ်ပြိုင်နိုင်တယ်ဆိုတာ သက်သေပြလိုက်တာပါပဲ။ အထူးသဖြင့် ဘာစီလိုနာလို တောင့်တင်းတဲ့ ပြိုင်ဘက်မျိုးကိုပေါ့"

play

 

"ဘာစီလိုနာအသင်း ရုန်းကန်နေရတာ ကျွန်တော် တစ်ခါမှ မမြင်ဖူးပါဘူး။ ကျွန်တော်တို့ ပွဲအစ ၁ မိနစ်ကတည်းက သူတို့ကို အမြဲတမ်း ဖိအားပေးထားနိုင်ခဲ့ပါတယ်"

"ဘယ်သူကမှ ကျွန်တော်တို့ ဆီမီးဖိုင်နယ်ကို ရောက်မယ်လို့ မယုံကြည်ကြပါဘူး။ ကျွန်တော် ဆီမီးဖိုင်နယ်အတွက် မဲခွဲတာကို ထိုင်ကြည့်နိုင်ပြီး ရိုးမားက အဲဒီအထဲမှာ ပါနေတဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်"လို့ ပြောကြားခဲ့ပါတယ်။

play

 

ရိုးမားအသင်းဟာ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်ကို ၁၉၈၃-၁၉၈၄ ဘောလုံးရာသီက နောက်ဆုံးတက်ရောက်နိုင်ခဲ့တာဖြစ်ပြီး နှစ်ပေါင်း ၃၅ နှစ်ကြာဝေးကွာနေတဲ့ ဆီမီးဖိုင်နယ်အဆင့်ကို ပြန်လည်တက်ရောက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD