International Sports: ESPN မဂ္ဂဇင်းအတွက် ဝတ်လစ်စလစ် ဓာတ်ပုံရိုက်တဲ့ အမေရိကန်ဘောလုံးသမား ခရစ္စတင်း

အားကစားသမားတွေရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်လှပကြောင်း အသားပေးတဲ့ issue ဖြစ်ပါတယ်။

play

 

အားကစားသမားတွေရဲ့ ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်တွေ ထည့်သွင်းဖော်ပြတဲ့ ESPN နှစ်ပတ်လည် မဂ္ဂဇင်းအတွက် ထိပ်တန်းအားကစားသမားအချို့က ဓာတ်ပုံရိုက်ပေးခဲ့ကြပါတယ်။ ခန္ဓာယ်ကြံ့ခိုင်မှုကို အသားပေးတဲ့ ဓာတ်ပုံတွေဖြစ်တဲ့အတွက် အဝတ်အစားမပါပဲ အားကစားသမားတွေ ဓာတ်ပုံရိုက်ခဲ့ကြတာပါ။

play

 

UFC ပြိင်ပွဲရဲ့ နာမည်ကျော် တိုက်ခိုက်ရေးသမား မက္ကဂရီဂါလည်း ဒီမဂ္ဂဇင်းအတွက် ဝတ်လစ်စလစ် ဓာတ်ပုံတွေ ရိုက်ပေးခဲ့ပါသေးတယ်။ အမေရိကန် အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းရဲ့ ခရစ္စတင်းပရက်စ်၊ အိုလံပစ် ဒိုင်ဗင်ကစားသမားဟောင်း လော်ဂါနိစ်နဲ့ ဘတ်စ်ကတ်ဘောသမား ဒွိန်းဝိတ်တို့လည်း ပါဝင်ခဲ့ကြပါတယ်။

play

 

ဒီနှစ်ထုတ်မယ့် ESPN ခန္ဓာကိုယ်အသားပေး မဂ္ဂဇင်းအတွက် ဝတ်လစ်စလစ် ဓာတ်ပုံရိုက်ကြတဲ့အထဲမှာနာမည် အကြီးဆုံး ဖြစ်နေတာကတော့ ခရစ္စတင်းဖြစ်ပါတယ်။

play

 

ခရစ္စတင်းက သူမရဲ့ ခန္ဓာကိုယ်အချိုးအစားအတွက် အားရကျေနပ်မှု မရှိသေးဘူးလို့လည်းဆိုပါတယ်။

play

 

သူ့ထက် ခန္ဓာကိုယ်ကြံ့ခိုင်ကြည့်ကောင်းတဲ့ ကစားသမားတွေ အမေရိကန်အမျိုးသမီးအသင်းဖော်တွေ ရှိတယ်လို့ ခရစ္စတင်းက ပြောပါတယ်။

Source : ESPN

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ