EURO 2016: ယူရိုပွဲအကြို ကမ္ဘာကျော် ဘောလုံးသမားတွေရဲ့ ဂရပ်ဖီတီ လက်ရာများ

, updated

ဥရောပကစားသမား ၁၁ ဦးရဲ့ ပုံတွေကို ဂရပ်ဖီတီ ရေးဆွဲထားတာဖြစ်ပြီး အများပြည်သူ ကြည့်ရှုနိုင်အောင် ပြသထားပါတယ်။

play


ပြင်သစ်နိုင်ငံမှာ ယနေ့ (ဇွန် ၁၀ ရက်) စတင်ကျင်းပမယ့် ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ မတိုင်မီ ပါရီမြို့ရှိ City of Paris ဟိုတယ်မှာ ရေးဆွဲပြသထားတဲ့ ကမ္ဘာကျော် ဘောလုံးကစားသမားတွေရဲ့ ဂရပ်ဖီတီပုံရိပ်တွေကို မြင်တွေ့ရပါတယ်။

play
play


ဥရောပကစားသမား ၁၁ ဦးရဲ့ ပုံတွေကို ဂရပ်ဖီတီ ရေးဆွဲထားတာဖြစ်ပြီး အများပြည်သူ ကြည့်ရှုနိုင်အောင် ပြသထားပါတယ်။

play
play


ဂရပ်ဖီတီ ရေးဆွဲထားတဲ့ ကစားသမား ၁၁ ဦးအနက် ဘောလုံးကစားခြင်းမှ အနားယူသွားပြီဖြစ်တဲ့ နာမည်ကြီး ဂန္တဝင်ကစားသမားတွေနဲ့ လက်ရှိ ဘောလုံးကစားနေဆဲ ကစားသမားတွေ ပါဝင်ပါတယ်။

play
play


အီတလီမှ ဘူဖွန်၊ မာလ်ဒီနီ၊ ပီယာလို၊ ဂျာမနီမှ ဖရန့်ဘက်ကင်ဘောင်ဝါ၊ ဖီလစ်လမ်း၊ စပိန်မှ ပူယိုးလ်၊ အင်နီယေစတာ၊ ပြင်သစ်မှ ဇီဒန်း၊ အွန်နရီ၊ ပေါ်တူဂီမှ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ နယ်သာလန်မှ မာကိုဗန်ဘက်စတင်းတို့ရဲ့ ပုံတွေကို လက်ရာမြောက်စွာ ဂရပ်ဖီတီ ရေးဆွဲပြသထားပါတယ်။

play
play


ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ပထမဆုံးပွဲစဉ်အဖြစ် ပြင်သစ်နဲ့ရိုးမေးနီးယား အသင်းတို့ ပွဲစဉ်ကို မြန်မာစံတော်ချိန် ဇွန် ၁၁ ရက် (ပြင်သစ်စံတော်ချိန် ဇွန် ၁၀ ရက်) နံနက် ၁း၃၀ မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

play


Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ