EURO 2016: ယူရိုချန်ပီယံရှစ် ဂိုးသွင်းဘုရင် ဘယ်သူဖြစ်မလဲ

ယူရိုချန်ပီယံရှစ် ၂၀၁၆ ပြိုင်ပွဲမှာ တိုက်စစ်မှူးကောင်းတွေ များစွာကို တွေ့ရဦးမှာပါ။

play

 

ပြင်သစ်နိုင်ငံမှာ စတင်ကျင်းပနေပြီဖြစ်တဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ဘယ်အသင်းချန်ပီယံဖြစ်မလဲ ဆိုတာနဲ့ ဂိုးသွင်းဘုရင် ဘယ်သူဖြစ်မလဲ ဆိုတဲ့ အချက် နှစ်ချက်ဖြစ်ပါတယ်။ ဒီနှစ် ယူရိုချန်ပီယံရှစ် ပြိုင်ပွဲမှာ ပိုပြီးစိတ်ဝင်စားစရာကောင်းတာက ပြီးခဲ့တဲ့ရာသီ ကလပ်အသင်းတွေမှာ ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူးတွေ အများအပြား ပါဝင်တဲ့ အချက်ဖြစ်ပါတယ်။

အရင်တုန်းက ဒီပြိုင်ပွဲမှာ ဂိုးသွင်းဘုရင်ဖြစ်ခဲ့ဖူးတဲ့ ဗန်ဘက်စတန်၊ ဒေးဗစ်ဗီလာတို့ တိုက်စစ်မှူးတွေ ဒီနှစ်မှာ ဘယ်သူထွက်လာဦးမလဲ ဆိုတာ စိတ်ဝင်စားစရာပါ။

၁။ သောမတ်စ်မူလာ (ဂျာမနီ)

play

 

ဂျာမနီတိုက်စစ်မှူး သောမတ်စ်မူလာကို ဂိုးသွင်းဘုရင်ဖြစ်ဖို့ ၈ လေး ၁ လေး သတ်မှတ်ထားပါတယ်။ ဂျာမနီက ဗိုလ်စွဲနိုင်ခြေလည်း ပြီးခဲ့တဲ့ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာလည်း မူလာက ငါးဂိုးအထိ သွင်းယူထားခဲ့သူဖြစ်ပါတယ်။

၂။ ရော်နယ်ဒို (ပေါ်တူဂီ)

play

 

ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက ဂျာမနီလောက်တော့ ဗိုလ်စွဲဖို့ ရေပန်းမစားပါဘူး။ ဒါပေမယ့် ပေါ်တူဂီအုပ်စုမှာ အိုက်စလန်၊ သြစတြီးယားနဲ့ ဟန်ဂေရီတို့ ပါဝင်နေတာကြောင့် ရော်နယ်ဒို ဂိုးပိုရနိုင်ချေ ရှိပြီး နောက်တဆင့်တက်ဖို့ ပိုလွယ်မယ်လို့ သုံးသပ်ထားကြပါတယ်။

၃။ ဂရိဇ်မန်း (ပြင်သစ်)

play

 

အသလက်တီကိုအသင်းနဲ့အတူ တောက်ပတဲ့ ဘောလုံးရာသီကို ဖြတ်သန်းခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အသင်းအတွက် ၃၂ ဂိုးသွင်းခဲ့တဲ့ ဂရိဇ်မန်းကို ဂိုးသွင်းဘုရင်ဖြစ်ဖို့ ၉ လေး ၁ လေး သတ်မှတ်ထားကြပါတယ်။

၎။ ဟယ်ရီကိန်း (အင်္ဂလန်)

play

 

အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းလည်း ဂိုးသွင်းဘုရင်ဖြစ်ဖို့ အလားအလာရှိသူစာရင်းထဲ ပါဝင်ပါတယ်။ ၁၉၉၆ တုန်းက အင်္ဂလန်အသင်းအတွက် တောက်ပခဲ့တဲ့ တိုက်စစ်မှူးဟောင်း အလန်ရှီးယားရားလိုပဲ ဒီနှစ်မှာ ဟယ်ရီကိန်း ခြေစွမ်းပြနိုင်ဖို့ ပရိသတ်က မျှော်လင့်ထားပါတယ်။

၅။ လီဝမ်ဒေါစကီး (ပိုလန်)

play

 

ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီး ဂိုးသွင်းဘုရင်ဖြစ်ဖိုပ ၁၄ လေး ၁ လေး သတ်မှတ်ခံထားရပါတယ်။ ဘိုင်ယန်မြူးနစ်အတွက် ပြီးခဲ့တဲ ဘောလုံးရာသီမှာ ၄၇ ပွဲကစားပြီး ၄၂ ဂိုးသွင်းခဲ့သူပါ။ ပိုလန် ခြေစစ်ပွဲအောင်ဖို့လည်း လီဝမ်ဒေါစကီးက အဓိက ဂိုးသွင်းကူညီခဲ့သူဖြစ်ပါတယ်။

Source : Sky Sport

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ