EURO 2016: ရုရှားနဲ့ပွဲမှာ အင်္ဂလန် မဖြစ်နေ အနိုင်ရဖို့ လိုတဲ့ အကြောင်းပြချက် (၅) ခု

, updated

အင်္ဂလန်အတွက် ယနေ့ည ကစားမယ့် ရုရှားနဲ့ အုပ်စုအဖွင့်ပွဲက အရေးကြီးပါတယ်။

play

 

အင်္ဂလန်နဲ့ ရုရှားအသင်းရဲ့ ယူရို ၂၀၁၆ ပထမဆုံးအုပ်စုအဖွင့်ပွဲစဉ်ကို ဒီကနေ့ည ယှဉ်ပြိုင်ကြမှာပါ။ အင်္ဂလန်ပါဝင်တဲ့ အုပ်စု (B) မှာ ရုရှားလည်း အုပ်စုတက်ဖို့ အလားအလာ ကောင်းတဲ့အသင်းဖြစ်ပါတယ်။

ဒီနှစ်ယူရိုမှာ အင်္ဂလန်အောင်မြင်မှုပြန်ရဖို့ ဒီအဖွင့်ပွဲက အရေးပါလှပါတယ်။ ဒီနေ့ည ကစားမယ့်ပွဲမှာ အင်္ဂလန်အသင်း မဖြစ်မနေ နိုင်ပွဲရဖို့လိုတဲ့ အကြောင်းပြချက် (၅) ခုရှိပါတယ်။

၁။ အုပ်စုပထမရဖို့ လိုခြင်း

play

 

အင်္ဂလန် အသင်း ကွာတားဖိုင်နယ်မှာ စပိန်၊ ဘယ်လ်ဂျီယံ စတဲ့အသင်းကောင်းတွေနဲ့ တွေ့ပြီးအိမ်ပြန်မစောစေဖို့ ဒီနေ့ပွဲမှာ နိုင်ပွဲရဖို့လိုပါတယ်။ ရုရှားကို မထင်မှတ်ဘဲ သရေကျလိုက်မယ်၊ သို့မဟုတ် ရှုံးလိုက်မယ်ဆိုရင် အုပ်စုပထမရဖို့ မလွယ်တော့ပါဘူး။

၂။ ရလဒ်ဆိုး ချေဖျက်ရန်လိုခြင်း

play

 

ပြီးခဲ့တဲ့ ယူရိုပြိုင်ပွဲတွေရဲ့ အုပ်စုအဖွင့်ပွဲတွေမှာ အင်္ဂလန် ရလဒ်ကောင်းလေ့ မရှိပါဘူး။ ၁၉၆၈၊၁၉၈၈၊ ၁၉၉၂၊ ၁၉၆၊ ၂၀၀၀၊ ၂၀၀၄၊ ၂၀၁၂ စတဲ့ ခုနှစ်တွေမှာ  ကျင်းပတဲ့ ပြိုင်ပွဲ အဖွင့်ပွဲတွေမှာ အင်္ဂလန်ရလဒ်မကောင်းခဲ့သလို အောင်မြင်မှုလည်း မရခဲ့ပါဘူး။

၃။ အောင်မြင်မှုနှင့်ဝေးနေခြင်း

play

 

အင်္ဂလန်အသင်းဟာ ယူရိုမှာ အောင်မြင်မှုမရတာ အတော်ကြာနေပြီဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်တုန်းက ဆီမီးဖိုင်နယ်ရောက်ခဲ့တာ အောင်မြင်မှု အရဆုံးလို့ ဆိုနိုင်ပါတယ်။ ဒါကြောင့် ဒီနှစ်ပြိုင်ပွဲမှာ အနိမ့်ဆုံးဆီးမီးဖိုင်နယ်ရောက်ဖို့ လိုပါတယ်။

၎။ ရုရှား ခြေစွမ်း

play

 

ပြိုင်ဘက် ရုရှားအသင်းက အကောင်းဆုံးခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ အချိန်မဟုတ်ပါဘူး။ နောက်ဆုံးပွဲတွေမှာ ရလဒ်မကောင်းဖြစ်နေတာတွေ့ရပါတယ်။ ရုရှားအသင်းရဲ့ အကောင်းဆုံး ကစားသမားတွေ ဒဏ်ရာရလို့ အခက်အခဲ ဖြစ်နေတဲ့အတွက် အင်္ဂလန်ဒီပွဲကို နိုင်ပွဲမဖြစ်မနေ ရသင့်ပါတယ်။

၅။ ဝေးလ်အသင်း ရှိနေခြင်း

play

 

ဝေးလ်အသင်းနဲ့ အင်္ဂလန် တစ်အုပ်စုတည်း ကျနေတဲ့အတွက် ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်ပါလိမ့်မယ်။ ပြိုင်ပွဲက အသင်းအရေအတွက် တိုးချဲ့ပြီး ၂၄ သင်းဖြစ်လာလို့ ဝေးလ်တို့လို အသင်းတွေ ပါဝင်လာတာပါ။ ဝေးလ်နဲ့ပွဲမှာ အမှတ်ပြည့်ရဖို့ မသေချာလို့ ဒီပွဲနိုင်ဖို့ လိုပါတယ်။

Source : Express

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ