EURO 2016: ရုရှားနှင့်ပွဲစဉ် မတိုင်မီ ဆိုးသွမ်း အင်္ဂလန်ပရိသတ်များကို ရဲတပ်ဖွဲ့ ထိန်းမနိုင်ဖြစ်နေ

, updated

အင်္ဂလန်ပရိသတ်တွေရဲ့ အပြူအမူဟာ ဆိုးရွားပြီး စိတ်မချမ်းမြေ့စရာပဲလို့ ပြင်သစ်ရဲတပ်ဖွဲ့ အကြီးအကဲက ဝေဖန်ပါတယ်။

play


ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို အားပေးဖို့ ပြင်သစ်နိုင်ငံ၊ မာဆေးလ်မြေကို ရောက်ရှိနေကြတဲ့ အင်္ဂလန်ပရိသတ်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေအကြား ရုန်းရင်းဆန်ခတ်ဖြစ်မှု နှစ်ရက်ဆက်တိုက် ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။

play


ဒီနေ့ည ကစားမယ့် အင်္ဂလန်နဲ့ ရုရှားပွဲမတိုင်အထိ လမ်းမထက်မှာ စုရုန်းထကြွနေကြတဲ့ အင်္ဂလန်ပရိသတ်တွေနဲ့ ပြင်သစ်ရဲတပ်ဖွဲ့အကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားနေခဲ့ကြတာပါ။

play

 

ပြင်သစ်ရဲတပ်ဖွဲ့ အကြီးအကဲ ဖြစ်တဲ့ အန်ဒီဘန်းဟမ်းကတော့ အင်္ဂလန်ပရိသတ်တွေရဲ့ အပြုအမူဟာ စိတ်မချမ်းမြေ့စရာဖြစ်တယ်လို့ ဝေဖန်ထားပါတယ်။ ပရိသတ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုတွေကိုလည်း အင်္ဂလန်ပရိသတ်တွေက ဖန်တီးလျှက်ရှိပါတယ်။

play

 

ဘီဘီစီ သတင်းထောက် နစ်ခ်ရဲ့ ဖော်ပြချက်အရ ရဲတပ်ဖွဲ့နဲ့ အင်္ဂလန်ပရိသတ်တွေရဲ့ လမ်းမပေါ်က တိုက်ပွဲမှာ ပုလင်းတွေ ပျံဝဲနေခဲ့ပြီး အန္တရာယ်များနေကြောင်း သိရပါတယ်။

play


ရုန်းရင်းဆန်ခတ်မှုတွေကြောင့် ဒဏ်ရာရသွားတဲ့ အင်္ဂလန်ပရိသတ်များစွာရှိနေပြီး ရဲတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံနေရပါတယ်။ အင်္ဂလန်ပရိသတ်တွေကို ဖြိုခွင်းဖို့ ရဲတပ်ဖွဲ့ဟာ မျက်ရည်ယိုဗုံးတွေ အသုံးပြုခဲ့ရပါတယ်။

play


မာဆေးလ်မြို့မှာ အင်္ဂလန်ပရိသတ်တွေက အိုင်အက်စ်အကြမ်းဖက်သမားတွေကို စိန်ခေါ်ပြီး အော်ဟစ်ခဲ့ကြတဲ့အတွက် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စိတ်ပျက်လျှက်ရှိနေတာဖြစ်ပါတယ်။

play


ပြင်သစ်မြေဟာ ယူရိုပြိုင်ပွဲကာလအတွင်း အကြမ်းဖက်အန္တရာယ်ကို အမြင့်ဆုံအဆင့်မှာထားပြီး ပြင်ဆင်ထားရပါတယ်။

Source : BBC/ Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ