EURO 2016: ကလပ်အသင်းလက်မဲ့ ဖြစ်နေသည့် ကစားသမားက ဝေးလ်အတွက် နိုင်ပွဲယူပေးခဲ့

, updated

ပွဲဦးထွက်မှာ ဝေးလ်အသင်း နိုင်ပွဲရခဲ့ပါတယ်။

play


ဇွန်လ ၁၁ ရက်နေ့ညမှာ ယူရို ၂၀၁၆ အုပ်စု (B) ပထမပွဲစဉ် ကစားခဲ့ပြီးတဲ့နောက် ဝေးလ်အသင်းက ဆလိုဗက်ကီးယားအသင်းကို ၂-၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဝေးလ်အသင်းအတွက် အဖွင့်ဂိုးကို ပထမပိုင်း ၉ မိနစ်မှာတင် ရီးရဲလ်မက်ဒရစ် ကစားသမား ဂါရက်ဘေးလ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

play


၉ မိနစ်မှာရလာတဲ့ အလွတ်တည်ကန်ဘောက ဆလိုဗက်ကီးယား ဂိုးပေါက်နဲ့ ကိုက်သုံးဆယ် အကွာကနေ ဂါရက်ဘေးလ်က ကန်သွင်းယူလိုက်တာဖြစ်ပါတယ်။ ဒီဂိုးကြောင့် ဝေးလ်အသင်းက ဦးဆောင်နိုင်ခဲ့ပါတယ်။

play


ဒီနေ့ပွဲစဉ်မှာ ဝေးလ်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးမရခဲ့ပေမဲ့ တိကျသေချာတဲ့ ဂိုးပေါက်ခြိမ်းခြောက်မှုတွေ ပြုလုပ်နိုင်ခဲ့ပြီး ဆလိုဗက်ကီးယားအသင်းကို ဖိအားပေးနိုင်ခဲ့ပါတယ်။

play


ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၆၁ မိနစ်မှာ ဆလိုဗက်ကီးယားအသင်း ချေပဂိုး ပြန်ရခဲ့ပါတယ်။ ဆလိုဗက်ကီးယားကစားသမား မက်က ဝေးလ်ဂိုးဧရိယာထဲ ဘောလုံးဆွဲယူလာပြီး ဒူဒါအတွက် ဖန်တီးပေးခဲ့တာပါ။ လူစားဝင်လာတာ တစ်မိနစ်ပဲရှိသေးတဲ့ ဒူဒါက ဂိုးပေါက်အလယ်ရောက်အောင် ဘောလုံးဆွဲပြေးသွားပြီးမထင်မှတ်ထားတဲ့ ဂိုးထောင့်ထဲကို ကန်သွင်းယူလိုက်တာပါ။

play


ဒါပေမဲ့ ဝေးလ်းအသင်းအတွက် ဒုတိယဂိုးကို ပွဲချိန် ၈၁ မိနစ်မှာ ရရှိသွားပါတယ်။ ရမ်ဆေးက ဘောလုံးဆွဲပြေးလာပြီး ဆလိုဗက်ကီးယားနောက်ခံလူ စကာတယ်ကို ကျော်ဖြတ်လိုက်တဲ့ အချိန်မှာ ရော့ဘ်ဆင်ကနူးထံ ဘောလုံးရောက်သွားပါတယ်။

play


ကနူးက အချိန်ဆွဲမနေဘဲ အလိုက်သင့်ကန်သွင်းလိုက်လို့ ဝေးလ်အသင်း အနိုင်ဂိုး ရခဲ့တာပါ။ ရော့ဘ်ဆင်ကနူးဟာ လက်ရှိမှာ ကလပ်အသင်း လက်မဲ့ ဖြစ်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

play
play


ဒီပွဲမတိုင်ခင် ကစားခဲ့တဲ့ အုပ်စု (A) ပွဲစဉ်မှာတော့ ဆွစ်ဇာလန်က အယ်ဘေးနီးယားကို အာဆင်နယ်ကစားသမားသစ် ရှာခါရဲ့ တစ်လုံးတည်းသောဂိုးနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

Source : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ