EURO 2016: ပေါ့ဆမှုကြောင့် နာကျင်အချိန်ပိုမှာ ချေပဂိုး ပေးလိုက်ရတဲ့ အင်္ဂလန်

, updated

အင်္ဂလန်ရဲ့ ပွဲဦးထွက်က မလှပခဲ့ပါဘူး။

play


တိုက်စစ်ပိုင်း လုံးဝမကောင်းမွန်တဲ့ ရုရှားကို အင်္ဂလန်က စိတ်ကြိုက်ကစားကွက်ဆင်နိုင်ခဲ့ပေမဲ့ နောက်ဆုံးမိနစ်မှာ ပေးလိုက်ရတဲ့ ဂိုးကြောင့် နိုင်ပွဲပျောက်ခဲ့ရပါတယ်။

play


အင်္ဂလန်အသင်းဘက်မှာ ဂိုးသမားဂျိုးဟတ်အပါအဝင် ရွန်နေး၊ ဒိုင်ယာတို့ ကွင်းလယ်ကို တာဝန်ယူခဲ့ပြီး တိုက်စစ်မှာ လယ်လာနာ၊ ဟယ်ရီကိန်းနဲ့ စတာလင်တို့ကို ပွဲထုတ်ခဲ့ပါတယ်။ စပါးအသင်း ကစားသမား အများပြား အင်္ဂလန်ပွဲထွက် ၁၁ ယောက်စာရင်းမှာ ပါဝင်နိုင်ခဲ့တာတွေ့ရပါတယ်။

play


အင်္ဂလန်အသင်းဘက်က ကိုင်လီဝေါ်ကာခြေစွမ်းပြပြီး တိုက်စစ်အတွက် လိုက်ပါကစားပေးနိုင်ခဲ့တာတွေ့ရပါတယ်။ တိုက်စစ်မှာ စတာလင်ရဲ့မြန်နှုန်းမြင့်ပြေးအားတွေနဲ့ ထိုးဖောက်ဖို့ ကြိုးစားပေမဲ့ လူကောင်ကြီးမားတဲ့ ရုရှားကစားသမားတွေကို လွယ်လွယ်အသာစီး မရခဲ့ပါဘူး။

play


ရုရှားအသင်းက ကစားကွက်မကောင်းတဲ့အတွက် အင်္ဂလန်အသင်းက အချိန်ပြည့်တိုက်စစ်ဆင်နိုင်ခဲ့ပေမဲ့ ပထမပိုင်းမှာ ဂိုးရအောင်မဖန်တီးနိုင်ခဲ့ပါဘူး။ ပထမပိုင်းမှာ အင်္ဂလန်အတွက် ဂိုးရလုနီးနီး သုံးကြိမ်ထက်မနည်းဖြစ်ခဲ့ပေမဲ့ လိုအပ်တဲ့အဖွင့်ဂိုးကိုတော့ သွင်းယူနိုင်ခြင်း မရှိခဲ့တာ တွေ့ရပါတယ်။

play


အထူးသဖြင့် ရုရှားရဲ့ တိုက်စစ်ကစားပုံ လုံးဝ ပျောက်ဆုံးခဲ့တဲ့အတွက် အင်္ဂလန်စိတ်ကြိုက် ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလန်အတွက် အဖွင့်ဂိုးဟာ ပွဲချိန် ၇၃ မိနစ်ရောက်မှ ရခဲ့တာဖြစ်ပါတယ်။ အယ်လီကြောင့် ရလာတဲ့ အလွတ်တည်ကန်ဘောကို ဒိုင်ယာက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

play
play

 

အဖွင့်ဂိုးရပြီးတဲ့နောက် အင်္ဂလန်ဟာ ဂိုးရဖို့ ကြိုးစားမှု သိပ်မရှိတော့ဘဲ ဘောလုံးပိုင်ဆိုင်မှုကိုသာ အာရုံစိုက်ခဲ့ပါတယ်။ နောက်ဆုံးမိနစ်အရောက်မှာ အင်္ဂလန်ရဲ့ ပေါ့ဆမှုကြောင့် ရုရှား ချေပဂိုး ရသွားတာဖြစ်ပါတယ်။

play
play


နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ အင်္ဂလန်ဂိုးဧရိယာထဲ ရောက်လာတဲ့ ဖြတ်တင်ဘောကို ရုရှားအသင်းခေါင်းဆောင် ဘီရီဇက်စကီက ခေါင်းတိုက်သွင်းယူလိုက်တာဖြစ်ပါတယ်။ မထင်မှတ်တဲ့ဂိုးကြောင့် အင်္ဂလန်အသင်း အနိုင်သုံးမှတ် ရထားရာကနေ သရေတစ်မှတ်နဲ့သာ ကျေနပ်လိုက်ရပါတယ်။

Source : Daily Mail/ Goal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ