EURO 2016: အင်္ဂလန် ပရိသတ်တစ်ဦးကို ဝိုင်းထိုးကြိတ်ခဲ့ကြသည့် ဗီဒီယိုဖိုင် ပျံ့နှံ့

အင်္ဂလန် - ရုရှားပွဲစဉ်မတိုင်ခင်က တိုက်ခိုက်ရန်ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။

play

 

အင်္ဂလန်ပရိသတ်တစ်ဦးကို ရုရှားပရိသတ်လို့ ယူဆရသူတွေက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြပြီး အဆိုပါပရိသတ် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတဲ့ ဗီဒီယိုဖိုင်တစ်ခု လူမှုကွန်ယက်မှာ ပျံ့နှံ့လာပါတယ်။ အင်္ဂလန်နဲ့ ရုရှားအသင်းတို့ကစားခဲ့တဲ့ ပွဲစဉ်မတိုင်မီ မာဆေးလ်မြို့အတွင်းမှာ ဖြစ်ပွားခဲ့တာပါ။

play

 

မြို့တွင်းလမ်းမထက် နေရာအတော်များများမှာ ရုရှားပရိသတ်တွေနဲ့ အင်္ဂလန်ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားမှု များစွာ ရှိခဲ့တဲ့ အထဲက သက်သေ ဗီဒီယိုဖိုင်တစ်ခုဖြစ်ပါတယ်။ ဗီဒီယို ဖိုင် မြင်ကွင်းအရ အစပိုင်းမှာ အင်္ဂလန်ပရိသတ်တွေနဲ့ ရုရှားအသင်း ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ကြတာပါ။

play

 

နောက်ပိုင်းမှာ ချောင်ပိတ်မိသွားတဲ့ အင်္ဂလန်ပရိသတ်ကို သူ့ရဲ့အပေါင်းအပါဖြစ်သူတွေက ထားရစ်ပြီး ထွက်ပြေးခဲ့ကြပါတယ်။ တစ်ယောက်တည်း ဖြစ်သွားတဲ့ သူ့ကို ရုရှားပရိသတ် အနည်းဆုံး ခြောက်ယောက်လောက်က ဝိုင်းဝန်းကန်ကျောက်ခဲ့ကြတာ တွေ့ရပါတယ်။

နောက်ဆုံးမှာတော့ မလှုပ်နိုင်တော့ပဲ လမ်းမထက်မှာ မှောက်ရက်လဲကျသွားတဲ့ အချိန်မှာ ရုရှားပရိသတ်တွေက သူ့ကို တိုက်ခိုက်မှု ရပ်တန့်ပြီး ထွက်ခွာသွားခဲ့ကြပါတယ်။

Source : The Sun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ