EURO 2016: ယူရိုပြိုင်ပွဲ မဲခွဲမှုတွင် မသမာမှုများ ရှိခဲ့ဟု ဖီဖာဥက္ကဌဟောင်း ပြော

, updated
play

 

ပြင်သစ်မှာ ကျင်းပနေတဲ့ ယူရို ၂၀၁၆ ပြိုင်ပွဲကို မဲခွဲပွဲလုပ်ခဲ့စဉ်က သမာမှုတွေ ရှိခဲ့ကြောင်း ဖီဖာဥက္ကဌဟောင်း ဘလတ္တာက အင်တာဗျူး တစ်ခုမှာ ဖော်ထုတ်လိုက်ပါတယ်။ အုပ်စုမဲခွဲမှု ပြုလုပ်ခဲ့စဉ်မှာ မဲလိပ်ထည့်ထားတဲ့ ဘောလုံးတွေကို ခွဲခြားလို့ရအောင် ပြုလုပ်ထားခဲ့တယ်လို့ ဘလတ္တာက ဆိုပါတယ်။

play

 

မဲလိပ်ထည့်ထားတဲ့ ဘောလုံးတွေကို အပူ၊ အအေးခွဲခြားလို့ ရအောင်ပြုလုပ်ပြီး ဘယ်အုပ်စုမှာ၊ ဘယ်အသင်းကျရမယ်ဆိုတာမျိုး လိမ်လည်ခဲ့တာဖြစ်တယ်လို့ စွပ်စွဲပြောကြားလိုက်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်က လုပ်တဲ့ ဒီပြိုင်ပွဲမှာ ဒီလိုမသမာမှု ရှိခဲ့ပေမယ့် မိမိလက်ထက် ဖီဖာက ကျင်းပတဲ့ ပြိုင်ပွဲတွေမှာတော့ ဒါမျိုး ဘယ်တုန်းကမှ မရှိခဲ့ဘူးလို့ ဖီဖာဥက္ကဌဟောင်းက ပြောပါတယ်။

play

 

မဲလိပ်ထည့်ထားတဲ့ ဘောလုံးတွေကို လူမြင်ကွင်း မဲအိုးထဲ မထည့်ခင်မှာ အအေးပေးစက်ထဲ ထည့်ထားမယ်ဆိုရင် မဲဘောလုံးရဲ့ အပူချိန်ကို ကိုင်ကြည့်ပြီး အသင်းတွေကို ခွဲခြားနိုင်တဲ့ နည်းလမ်းရှိတယ်လို့ ဘလတ္တာက ပြောပါတယ်။ ဖီဖာဥက္ကဌဟောင်း ဘလတ္တာဟာ လာဘ်ပေးလာဘ်ယူ အရှုပ်တော်ပုံတွေကြောင့် စုံစမ်စစ်ဆေးမှု ခံခဲ့ရပြီးဘောလုံးလောကနဲ့ ခြောက်နှစ်မပတ်သတ်ဖို့ အမိန့်ချခံထားသူ ဖြစ်ပါတယ်။

Source : Sky Sports

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ