EURO 2016: ရုရှားပရိသတ်များ ဆက်လက်ရမ်းကားလျှင် အသင်းကို ပြိုင်ပွဲမှ ထုတ်ပယ်မည်

ရုရှားအသင်းအပေါ် ယူအီးအက်ဖ်အေက ဒဏ်ငွေလည်း ချမှတ်လိုက်ပါတယ်။

play

 

ယူရိုပြိုင်ပွဲမှာ ပရိသတ်တွေရဲ့ ဆိုးရွားတဲ့ အပြူအမူကြောင့် ရုရှားလက်ရွေးစင်အသင်းကို ယူအီးအက်ဖ်အေက ပြင်းပြင်းထန်ထန်သတိပေးလိုက်ပြီး ပြိုင်ပွဲမှာ နောက်တစ်ကြိမ် ဒါမျိုး ဖြစ်လာတာနဲ့ ပြိုင်ပွဲက ထုတ်ပစ်မယ်လို့ ကြေငြာလိုက်ပါတယ်။ ဒါ့အပြင် ပရိသတ်တွကို မထိန်းသိမ်းနိုင်တဲ့အတွက် ဒဏ်ငွေ ယူရို တစ်သိန်းခွဲပေးဆောင်ဖို့လည်း ယူအီးအက်ဖ်အေက ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။

play

 

အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ရုရှားအသင်းက ပရိသတ်တွေက  ကွင်းအတွင်း လူမျိုးရေးခွဲခြားအော်ဟစ်ခြင်း၊ မီးပန်းဖောက်ခြင်းနဲ့ အကြမ်းဖက်ခြင်းလုပ်ရပ်တွေကြောင့် ရုရှားဘောလုံးအဖွဲ့ချုပ်ကို ယူအီးအက်ဖ်အေက စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လာမယ့် အင်္ဂလန်နဲ့ ဝေးလ်ပွဲမှာ အင်္ဂလန်ပရိသတ်တွေကို ရုရှား ဘောလုံးလူရမ်းကား ပရိသတ်တွေက ပစ်မှတ်ထား တိုက်ခိုက်ဦးမယ်လို့ ဆိုပါတယ်။

play

 

အခုချမှတ်လိုက်တဲ့ ပြစ်ဒဏ်ကို အယူခံဝင်ခွင့်လည်း ပေးထားပါတယ်။ ပရိသတ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်မှာ ရုရှားပရိသတ်တွေထဲ အထူးလေ့ကျင့်ထားတဲ့ လူဆိုးတွေ ပါဝင်ခဲ့တယ်လို့ ပြင်သစ်အာဏာပိုင်တွေက ယုံကြည်ထားပါတယ်။

Source : BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ