EURO 2016: ရုရှားဘောလုံးပရိသတ်များက အင်္ဂလန်နဲ့ဝေးလ် ပရိသတ်များကို တိုက်ခိုက်

ရုရှားပရိသတ်တွေ နောက်တစ်ကြိမ် ရမ်းကားတိုက်ခိုက်မှု ဖြစ်ပါက ရုရှားအသင်းကို ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ထုတ်ပယ်မယ်လို့ သတိပေးထားပေမဲ့လည်း ပရိသတ်တွေရဲ့ ရမ်းကားတိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့တာပါ။

play


ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲများ ကျင်းပနေတဲ့ ပြင်သစ်နိုင်ငံ လိုင်လီမြို့မှ ဘားဆိုင်တစ်ဆိုင်မှာ ရုရှားပရိသတ်အုပ်စုက အင်္ဂလန်နဲ့ ဝေးလ် ပရိသတ်တွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။ ခိုက်ရန်ဖြစ် တိုက်ခိုက်မှုအတွင်း ဘားဆိုင်မှ ထိုင်ခုံများဖြင့် ပစ်ပေါက်ခဲ့ပြီး လူတစ်ယောက် လဲကျနေတာကို တွေ့ရပါတယ်။

play


ပရိသတ်တွကို မထိန်းသိမ်းနိုင်တဲ့အတွက် ဒဏ်ငွေ ယူရို တစ်သိန်းခွဲပေးဆောင်ဖို့လည်း ယူအီးအက်ဖ်အေက ရုရှားအသင်းကို ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ နေ့မှာပင် လိုင်လီမြို့မှာ တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

play


ယူအီးအက်ဖ်အေက ရုရှားပရိသတ်တွေ နောက်တစ်ကြိမ် ရမ်းကားတိုက်ခိုက်မှု ဖြစ်ပါက ရုရှားအသင်းကို ယူရို ၂၀၁၆ ပြိုင်ပွဲမှာ ထုတ်ပယ်မယ်လို့ သတိပေးထားပေမဲ့လည်း ပရိသတ်တွေရဲ့ ရမ်းကားတိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

play


အင်္ဂလန်နဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ရုရှားအသင်းက ပရိသတ်တွေက  ကွင်းအတွင်း လူမျိုးရေးခွဲခြားအော်ဟစ်ခြင်း၊ မီးပန်းဖောက်ခြင်းနဲ့ အကြမ်းဖက်ခြင်းလုပ်ရပ်တွေကြောင့် ရုရှားဘောလုံးအဖွဲ့ချုပ်ကို ယူအီးအက်ဖ်အေက စွဲချက်တင်ခဲ့တာဖြစ်ပါတယ်။

play
play


မာဆေးလ်မြို့မှာ ဖြစ်ပွားခဲ့တဲ့ ရန်ပွဲတွေမှာ သေချာစွာ လေ့ကျင့်ထားတဲ့ ရုရှားလမ်းသရဲအဖွဲ့တွေ ဦးဆောင်ပါဝင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောထားပါတယ်။

play
play


ရုရှားပရိသတ်တွေက နောက်တစ်ကြိမ် ရမ်းကားတိုက်ခိုက်ရန် စီစဉ်ထားကြောင်းလည်း သတင်းများထွက်ပေါ်နေပါတယ်။ ရုရှားအသင်းဟာ ဇွန်လ ၁၅ ရက် ညပိုင်းမှာ ဆလိုဗက်ကီးယားအသင်းနဲ့ အုပ်စုဒုတိယပွဲစဉ် ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
Source & Photo: Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ