EURO 2016: ယူရိုပြိုင်ပွဲမှာ ပရိသတ်တွေကို ပွဲဦးထွက် အံ့အားသင့်စေခဲ့တဲ့ အိုက်စလန်

, updated

ထိပ်သီးအသင်း ပေါ်တူဂီကို အိုက်စလန်က အံ့အားသင့်စေခဲ့ပါတယ်။

play

 

ယူရို ၂၀၁၆ ပြိုင်ပွဲမှာ အသင်းတစ်သင်းချင်းစီအတွက် ပထမဆုံး အုပ်စုအဖွင့်ပွဲ နောက်ဆုံးပွဲတွေ ကစားခဲ့ကြပြီးနောက် ဟန်ဂေရီအသင်း နိုင်ပွဲရခဲ့ပေမဲ့ ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်းက သရေသာ ကစားနိုင်ခဲ့ပါတယ်။

play

လူဦးရေ သုံးသိန်းကျော်သာ ရှိတဲ့ အိုက်စလန်းနိုင်ငံငယ်လေးအတွက် ယူရိုပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပါဝင်ကစားခွင့်ရခဲ့တဲ့ပွဲမှာ ပရိသတ်နဲ့ ပေါ်တူဂီအသင်းကို အံ့အားသင့်အောင် လုပ်ပြနိုင်ခဲ့ပါတယ်။ ပေါ်တူဂီအသင်းအတွက် အဖွင့်ဂိုးပွဲချိန် ၃၁ မိနစ်မှာ တောင်ပံတိုက်စစ်ကစားသမား နာနီက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

play

ညာခြမ်းက အနိမ့်ဘောနဲ့ အိုက်စလန်အသင်း ဂိုးရှေ့ချပေးတဲ့ဘောလုံးကို အချိန်ဆွဲမနေဘဲ နာနီက ပိတ်သွင်းယူလိုက်တာဖြစ်ပါတယ်။

play

ဒါပေမဲ့ ပေါ့ဆတဲ့ ပေါ်တူဂီအသင်းရဲ့ နောက်တန်း ကစားပုံကြောင့် ဒုတိယပိုင်းမှာ အိုက်စ်လန်းအသင်း ချေပဂိုး ပြန်ရသွားတာပါ။ ဒုတိယပိုင်း ပြန်လည်စတင်ပြီး ငါးမိနစ်အကြာမှာတင် အိုက်စလန်းအသင်း ချေပဂိုး သွင်းနိုင်ခဲ့တာဖြစ်ပြီး ညာခြမ်းက ဖြတ်တင်လိုက်တဲ့ဘောလုံး ပေါ်တူဂီ ဂိုးဧရိယာထဲ အကျမှာ ကွင်းလယ်ကစားသမား ယာနေဆင်က ပိတ်သွင်းယူလိုက်တာ ဖြစ်ပါတယ်။

play

ပထမိပိုင်းမှာ ပေါ်တူဂီအသင်း ကစားပုံကောင်းမွန်ခဲ့ပြီး ရော်နယ်ဒို၊ နာနီ စတဲ့ တိုက်စစ်ကစားသမားတွေ အတွက်အခွင့်အရေး အကြိမ်ကြိမ် ရခဲ့ပေမဲ့ အိုက်စလန်ဂိုးသမားလည်း လက်စွမ်းပြနေခဲ့လို့ တစ်ဂိုးထက် ပိုမရခဲ့တာဖြစ်ပါတယ်။

play

တစ်ဖက်မှာ ပြိုင်ဘက်ဟောင်းတွေဖြစ်ကြတဲ့ သြစတြီးယားနဲ့ ဟန်ဂရီတို့ပွဲစဉ်မှာ ဟန်ဂေရီက ၂-၀ ဂိုးနဲ့ အနိုင်ယူပြီး အုပ်စုကို ဦးဆောင်လိုက်ပြီဖြစ်ပါတယ်။ ဒီအုပ်စုမှာ ရေပန်စားတာ ပေါ်တူဂီဖြစ်ပေမဲ့ ပွဲဦးထွက် ကစားကြတဲ့အချိန်မှာ ဟန်ဂေရီက ခြေစွမ်းတည်တည်ငြိမ်ငြိမ်ဖြစ်ခဲ့ပြီး ပေါ်တူဂီကတော့ ရလဒ်ကမောက်ကမဖြစ်ခဲ့ရပါတယ်။

ပွဲစဉ် Highlight ဗီဒီယို

ထိပ်သီးအသင်း ပေါ်တူဂီအနေနဲ့ အုပ်စုပထမရဖို့ မျှော်လင့်တယ်ဆိုရင် ဒုတိယပွဲမှာ သြစတြီးယားအသင်းကို အနိုင်ကစားရတော့မှာဖြစ်ပါတယ်။

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ