EURO 2016: အင်္ဂလန်ဘောလုံးပရိသတ်များနဲ့ ပြင်သစ်ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့

ဆူပူသောင်းကျန်းခဲ့တဲ့ အင်္ဂလန်ပရိသတ်တွေကို ရဲတပ်ဖွဲ့က ဖြိုခွင်းရာမှာ ထိပ်တိုက်တွေ့ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။

play


ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲများ ကျင်းနေတဲ့ ပြင်သစ်နိုင်ငံမှာ အင်္ဂလန်ဘောလုံးပရိသတ်တွေနဲ့ ပြင်သစ် အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ ထိပ်တိုက်တွေ့ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။

play


လိုင်လီမြို့မှာ ဗုဒ္ဓဟူးနေ့ (ဇွန်လ ၁၅ ရက်) ညနေပိုင်းက ဆူပူသောင်းကျန်းခဲ့တဲ့ အင်္ဂလန်ပရိသတ်တွေကို ရဲတပ်ဖွဲ့က ဖြိုခွင်းရာမှာ ထိပ်တိုက်တွေ့ ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး အနည်းဆုံး လူ ၃၆ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

play


အဓိကရုဏ်းများအတွင်း ဒဏ်ရာရရှိသူ ၁၆ ဦးကို ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်းလည်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


ဗုဒ္ဓဟူးနေ့ ညနေပိုင်းက လိုင်လီမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွင်း အင်္ဂလန်ပရိသတ်အများစု ပါဝင်ခဲ့ကြတယ်လို့ ဆိုပါတယ်။ ပရိသတ်များအနက် အရက်မူးနေသူတွေလည်း ပါဝင်ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

play


ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းပွဲစဉ်မှာ ရုရှားအသင်းက ဆလိုဗက်ကီးယားကို ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ အင်္ဂလန်ပရိသတ်တွေ အောင်ပွဲခံ ဆူပူသောင်းကျန်းရာက ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့ခဲ့ကြကြောင်း သတင်းများက ဖော်ပြပါတယ်။

play
play


လိုင်လီမြို့မှာ ဗုဒ္ဓဟူးနေ့ နေ့လယ်ပိုင်းက ရုရှားပရိသတ်အုပ်စုက အင်္ဂလန်နဲ့ ဝေးလ်ပရိသတ်တွေကို တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါသေးတယ်။

play
play


ရုရှားပရိသတ်တွေက အင်္ဂလန်ပရိသတ်တွေကို တိုက်ခိုက်မယ်လို့ စိန်ခေါ်ထားပြီး အစွန်းရောက် ရုရှားပရိသတ် လူရမ်းကား ၄၀၀ က တိုက်ခိုက်သွားမယ်လို့လည်း ကြုံးဝါးထားကြောင်း သိရပါတယ်။

play


အင်္ဂလန်နဲ့ ဝေးလ်အသင်းတို့ရဲ့ အုပ်စုပွဲစဉ်ကို ယနေ့ (ဇွန်လ ၁၆ ရက်) ည ၇း၃၀ မှာ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
Source & Photo: Daily Mail, BBC

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ