EURO 2016: အင်္ဂလန်အတွက် နိုင်ပွဲယူပေးခဲ့တဲ့ တိုက်စစ်မှူး ဗာဒီနဲ့ စတာရစ်ခ်ျ

, updated

နာကျင်အချိန်ပိုမှာ သွင်းတဲ့ဂိုးနဲ့ အင်္ဂလန်အနိုင်ရခဲ့တာပါ။

play


စတာရစ်ခ်ျရဲ့ နောက်ကျဂိုးနဲ့ ဝေးလ်ကို အနိုင်ရခဲ့တဲ့ အင်္ဂလန်အသင်း နောက်ဆုံးပွဲမှာ ဆလိုဗက်ကီးယားကို သရေကျရုံနဲ့ နောက်တစ်ဆင့် တက်တော့မှာ ဖြစ်ပါတယ်။

play


အင်္ဂလန်အသင်းတိုက်စစ်မှာ ဟယ်ရီကိန်းကို အထောင်ထားပြီး လယ်လာနဲ့ စတာလင်တို့ရဲ့ ရုန်းအားနဲ့ ထိုးဖောက်ဖို့ ပွဲထုတ်လာခဲ့ပါတယ်။ ဝေးလ်အသင်းက ရော့ဘ်ဆင်ကနူးကို တိုက်စစ်မြှားဦးမှာ ထားကစားပေမဲ့ တကယ်တမ်းမှာ ရမ်ဆေးနဲ့ ဂါရက်ဘေးလ်တို့ရဲ့ ထိုးဖောက်အားကို အဓိက ထားခဲ့တာပါ။

play


ပထမပိုင်း အင်္ဂလန်အသင်းကစားပုံဟာ ပြောရလောက်အောင် ကောင်းကွက်မရှိခဲ့ပါဘူး။ အထူးသဖြင့် တိုက်စစ်ပိုင်းက ဝေးလ်အသင်းရဲ့ ခံစစ်ကို သေသေချာချာ မထိုးဖောက်နိုင်ခဲ့တာဖြစ်ပါတယ်။

play

ပွဲချိန် ၇ မိနစ်မှာ လယ်လာနာရဲ့ ပေးပို့မှုကို စတာလင်အနီးကပ်ပိတ်သွင်းပေမဲ့ ဂိုးဘေး ကပ်ထွက်သွားပါတယ်။ ဒီတစ်လုံးတည်းကသာ ပထမပိုင်း တစ်ပိုင်းလုံး ဝေးလ်အသင်းခံစစ်ကို ခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။

play


အထူးသဖြင့် ဂိုးပေါက်တည့်အောင် မခြိမ်းခြောက်နိုင်ခဲ့တာ အင်္ဂလန်ရဲ့ အားနည်းချက် ဖြစ်ခဲ့ပါတယ်။ ၃၁ မိနစ်မှာ ဝေးလ်နောက်ခံလူ ဒေးဗီးစ်လက်နဲ့ ဘောလုံးထိသွားပေမဲ့ အင်္ဂလန်ပင်နယ်တီမရခဲ့ပါဘူး။ ၄၁ မိနစ်မှာ ဝေးလ်အသင်းရတဲ့ ပြစ်ဒဏ်ဘောကို ဂါရက်ဘေးလ် ကန်သွင်းခဲ့ပြီး အဖွင့်ဂိုး ရခဲ့ပါတယ်။

play


ဒုတိယပိုင်းမှာ ဟယ်ရီကိန်းကို ထုတ်ပြီး ဗာဒီနဲ့ အစားထိုးခဲ့ပါတယ်။ ၅၇ မိနစ်မှာ ဝေးလ်နောက်ခံလူ ဝီလျံဖြတ်ထုတ်လိုက်တဲ့ ဘောလုံးက ဗာဒီဆီကို အဆင်သင့်ရောက်လာတဲ့အတွက် ဗာဒီက အေးအေးဆေးဆေး ချေပဂိုး ပြန်ယူပေးနိုင်ခဲ့ပါတယ်။

play


ပွဲပြီးခါနီးမှာ အင်္ဂလန်အသင်းအတွက် အရေးကြီးတဲ့အနိုင်ဂိုးကို တိုက်စစ်မှူး စတာရစ်ခ်ျ သွင်းနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုအရောက်မှာ စတာရစ်ခ်ျက ဂိုးဧရိယာထဲမှာ အယ်လီနဲ့ အပေးအယူလုပ်ပြီး သွင်းယူလိုက်တာဖြစ်ပါတယ်။

ပွဲစဉ် Highlight ဗီဒီယို

Source : Daily Mail

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ