play

 

ယနေ့ည ယှဉ်ပြိုင်ကစားကြမယ့် ယူရိုပြိုင်ပွဲ အုပ်စုနောက်ဆုံး ပွဲစဉ်တွေမှာ ပရိသတ်အချို့ရဲ့ အကြမ်းဖက်ဆူပူမှု ပိုပြီးမြင့်တက်လာနိုင်တယ်လို့ ပြင်သစ်အာဏာပိုင်တွေက သတိပေးထားပါတယ်။ အထူးသဖြင့် ဝေးလ်အသင်းနဲ့ ရုရှားအသင်း တူးလော့စ်မြို့မှာ ကစားမယ့်ပွဲစဉ်မှာ ပရိသတ် အကြမ်းဖက်ဆူပူမှု ဖြစ်လာနိုင်ချေများနေတယ်လို့ ဆိုပါတယ်။

play

 

ရုရှားနဲ့ ဝေးလ်အသင်း ပွဲစဉ်အတွက်ပုံမှန် လုံခြုံရေးရဲအရာရှိ ၁၅၀၀ ချထားပေမဲ့ နောက်ထပ် ရဲအရာရှိ ၆၀၀ တိုးမြှင့်ချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အင်္ဂလန်အသင်းနဲ့ အုပ်စုအဖွင့်ပွဲစဉ်မှာ ရုရှားအသင်းပရိသတ်တွေရဲ့ လုပ်ရပ်အတွက် ယူအီးအက်ဖ်အေက သတိပေးထားရပြီး ကွင်းအတွင်းမှာ ပရိသတ်တွေ အကြမ်းဖက်ဆူပူရမ်းကားမှု ထပ်မံပြုလုပ်တာနဲ့ ပြိုင်ပွဲက ထုတ်ပယ်တော့မှာ ဖြစ်ပါတယ်။

နှစ်ဖက်ပရိသတ် အပြန်အလှန် ရမ်းကားမှုတွေရှိထားပြီး ရုရှားပရိသတ်အပါအဝင် ပရိသတ်အချို့ကိုလည်း အာဏာပိုင်တွေ ဖမ်းဆီးထားပါတယ်။

Source : Sky News

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video