AD
AD
AD

ယနေ့ညနေမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်အဆင့် မဲခွဲပွဲမှာ အာဆင်နယ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ တွေ့ဆုံနေခဲ့ပြီး မာဆေးလ်နဲ့ ဆော့ဇ်ဘတ်ဂ်တို့ တွေ့ဆုံခဲ့ပါတယ်။

အာဆင်နယ် Vs အက်သလက်တီကိုမက်ဒရစ်

အာဆင်နယ်နဲ့ အက်သလက်တီကိုအသင်းတို့ဟာ တစ်ခါမှ တွေ့ဆုံခဲ့ဖူးခြင်းမရှိတဲ့အသင်းတွေ ဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ် အသင်းဟာ ယခုရာသီမှာ ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ အင်္ဂလန်အသင်းတစ်သင်းနဲ့ တွေ့ဆုံခဲ့ပြီး ချယ်ဆီးအသင်းကို အိမ်ကွင်းမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အဝေးကွင်းမှာ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့ပါတယ်။

ယူရိုပါလိဂ်ဖလားကို ၂ ကြိမ်ကိုင်မြှောက်ထားတဲ့ အက်သလက်တီကို အသင်းဟာ နောက်ဆုံး ၂၆ ပွဲမှာ ၂၂ ပွဲအထိ အနိုင်ရရှိထားတဲ့အသင်းဖြစ်ပါတယ်။

မာဆေးလ် Vs ဆော့ဇ်ဘတ်ဂ်

မာဆေးလ်နဲ့ အော့ဇ်ဘတ်ဂ်အသင်းတို့ဟာ အုပ်စုအဆင့်မှာ တွေ့ဆုံခဲ့ပြီး အော့ဇ်ဘတ်ဂ်အသင်းက အိမ်ကွင်းမှာ ၁ ဂိုး ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အဝေးကွင်းမှာ မာဆေးလ်အသင်းနဲ့ ဂိုးမရှိသရေကျခဲ့ပါတယ်။

မာဆေးလ်အသင်းဟာ ယခုနှစ်ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၈ ပွဲအထိ အိမ်ကွင်းရှုံးပွဲမရှိစံချိန် ရရှိထားပြီး ဝင်ခွင့်ပွဲစဉ်တွေကို ထည့်တွက်မယ်ဆိုရင် အိမ်ကွင်းမှာ ၇ ပွဲအထိ အနိုင်ရရှိထားပါတယ်။ ဆော့ဇ်ဘတ်ဂ်အသင်းကလည်း အိမ်ကွင်းမှာ ၂၅ ပွဲအထိ ရှုံးပွဲမရှိစံချိန်ရရှိထားတဲ့အသင်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD