AD
AD
AD

ယခုနှစ်ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်အဆင့်ကိုတော့ ဘာစီလိုနာ၊ရီးရဲမက်ဒရစ်၊မန်စီးတီး၊လီဗာပူး၊ဆီဗီလာ၊ဂျူဗင်တပ်၊ရိုးမားနဲ့ဘိုင်ယန် မြူးနစ်အသင်းတို့ တက်ရောက်လာခဲ့ကြပါတယ်။

play

 

အဆိုပါ အသင်းများထဲတွင် ချန်ပီယံလိဂ်ရဲ့စံချိန်ရှင် ဂိုးသမားတစ်ဦးအဖြစ် ပါဝင်လာခဲ့သူကတော့ ဂျူဗင်တပ် ဂိုးသမားကြီး ဘူဖွန်ပဲ ဖြစ်ပါတယ်။

အခြားသော စံချိန်ရှင် ဂိုးသမားများလည်း ရှိနေသေးပေမယ့် ယခုအဆင့်ကို တက်ရောက်လာတဲ့ အသင်းများမှာတော့ ပါဝင်လာခဲ့ခြင်းတော့ မရှိပါဘူး။

ပေါ်တိုအသင်းရဲ့ လက်ရှိဂိုးသမား ကာဆီးလက်စ်နဲ့ လက်ရှိ ဂျူဗင်တပ်အသင်းရဲ့ ဂိုးသမားကြီး ဘူဖွန်တို့ဟာ ချန်ပီယံလိဂ် သမိုင်းတစ်လျှောက် သက်တမ်းရင့်နည်းပြများဖြစ်ကြပြီး လာမယ့်နှစ်တွေမှာတော့ တွေ့မြင်ရဖို့ မရှိနိုင်တော့ပါဘူး။

ဥရောပချန်ပီယံလိဂ် ပြိုင်ပွဲမှာပွဲအများဆုံး ကစားထားတဲ့ ဂိုးသမားကတော့ ရီးရဲ ဂိုးသမားဟောင်း ကာဆီးလက်စ်ဖြစ်ပါတယ်။ ကာဆီးလက်စ်ဟာ ရီးရဲနဲ့အတူ ၁၆၇ ပွဲအထိ ပါဝင်ကစားခဲ့သူဖြစ်ပြီး ဆုဖလား ၃ ကြိမ်ရယူထားခဲ့သူ ဖြစ်ပါတယ်။

၎င်းရဲ့နောက်မှာတော့ ဘူဖွန်က ၁၁၅ ပွဲနဲ့ ဒုတိယ၊ပီတာချက်က ၁၁၁ ပွဲနဲ့ တတိယ၊ဗဲလ်ဒက်စ်က ၁၀၆ ပွဲနဲ့ စတုတ္ထနေရာမှာ အသီးသီး ရပ်တည် နေပါတယ်။

ဥရောပအဆင့် ပြိုင်ပွဲအစုံကို အများဆုံး ပါဝင်ကစားထားသူဟာလည်း ရီးရဲ ဂိုးသမားဟောင်း ကာဆီးလက်စ်ပင်ဖြစ်ပါတယ်။

ကာဆီးလက်စ်ဟာ ဥရောပဖလား၊ချန်ပီယံလိဂ်၊ယူအီးအက်ဖ်ဖလား၊ယူရိုပါလိဂ်ဖလား၊စူပါဖလား၊၀င်းနား ဖလား၊အင်တာတိုတို ဖလား၊ဥရောပနဲ့ တောင်အမေရိက ဖလားတို့ကို ပါဝင်ယှဉ်ပြိုင်ဖူးသူလည်း ဖြစ်ပါတယ်။

နိုင်ငံအသင်းနဲ့အတူ ဥရောပမှာ ပွဲအများဆုံး ကစားထားသူကတော့ လက်ရှိ ဂျူဗင်တပ်အသင်းမှ အီတလီဂိုးသမားကြီး ဘူဖွန်ပဲ ဖြစ်ပြီး စုစုပေါင်း ပွဲ၁၇၅ ပွဲအထိ ပါဝင်ကစားပေးထားတာလည်း ဖြစ်ပါတယ်။

၎င်းရဲ့နောက်မှာတော့ ကာဆီးလက်က စပိန်အသင်းအတွက် ၁၆၇ ပွဲ၊ဆွီဒင် ဂိုးသမားကြီး ရာဗယ်လီက ၁၄၃ ပွဲ နဲ့ အသီးသီး ကစားထားကြပါ တယ်။

play

 

ဥရောပ ပြိုင်ပွဲမှာ ဂိုးအများဆုံး သွင်းယူထားတဲ့ ဂိုးသမားကတော့ ဟန်ဂျောင်ဘတ်ဖြစ်ပြီး ဟမ်းဘတ်၊လေဗာကူဆင်နဲ့ ဘိုင်ယန်မြူးနစ်အသင်း တို့မှာ ကစားဖူးတာဖြစ်ပြီး စုစုပေါင်း ၃ ဂိုးအထိ သွင်းယူဖူးတာလည်း ဖြစ်ပါတယ်။

အသက်အငယ်ဆုံးနဲ့ ဥရောပရဲ့ ထိပ်တန်း ဆုဖလားနှစ်ခုဖြစ်တဲ့ ECCC/UCL  ဖလားပြိုင်ပွဲမှာအသက်အငယ်ဆုံး ဆုဖလားရရှိဖူးတဲ့ ဂိုးသမား ကတော့ ရီးရဲ ဂိုးသမားဟောင်း ကာဆီးလက်စ်ပင်ဖြစ်ပြီး ၂၀၀၀ ခုနှစ်က ရီးရဲနဲ့ဗလင်စီယာတို့ကစားခဲ့တဲ့ ပွဲစဉ်မှာ ဖြစ်ပြီး ၁၉ နှစ်နဲ့ ၄ ရက်သာ ရှိ သေးတာ ဖြစ်ပါတယ်

ECCC/UCLကို အသက်အကြီးဆုံးနဲ့ ရရှိထားတဲ့ ဂိုးသမားကြီးကတော့ မန်ယူဂိုးသမားကြီး ဗန်ဒါဆားဖြစ်ပြီး ၂၀၀၈ ခုနှစ်က မန်ယူအသင်းနဲ့ အတူ ရရှိခဲ့ဖူးတာလည်း ဖြစ်ပါတယ်။

ပွဲအများဆုံး ပေးဂိုးမရှိစံချိန်ကို တင်ရှိထားတဲ့ ဂိုးသမားကတော့ အာဆင်နယ် ဂိုးသမားဟောင်းကြီး ယန်း လေမန်းဖြစ်ပြီး ၂၀၀၅ ခုနှစ် ၃ လပိုင်း ၉ ရက်နေ့ကနေ ၂၀၀၆ ၅ လပိုင်း ၁၇ ရက်နေ့အထိ တစ်နှစ်အထိ ကြာမြင့် စွာ ထိန်းသိမ်းထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Source- UEFA.com

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD