AD
AD
AD

အာဂျင်တီးနားအသင်းနဲ့ စပိန်အသင်းတို့ဟာ ယနေ့ည(မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက် ၂ နာရီ)မှာ နိုင်ငံတကာ ခြေစမ်းပွဲအဖြစ် စပိန်နိုင်ငံ မက်ဒရစ်မြို့မှာ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်ပါတယ်။

play

 

ယခုပွဲစဉ်မတိုင်မီ စပိန်အသင်းမှာ ဂျာမနီအသင်းနဲ့ ခြေစမ်းပွဲကစားထားပြီး တစ်ဖက်တစ်ဂိုးစီသရေကျထားကာ အာဂျင်တီးနားအသင်းမှာ အီတလီအသင်းကို ၂-၀ ဂိုးနဲ့ အနိုင်ရရှိထားပါတယ်။

play

 

အာဂျင်တီးနားအသင်းအနေနဲ့ အီတလီကို အနိုင်ရခဲ့တဲ့ပွဲမှာ လက်လွှတ်ထားခဲ့ရတဲ့ အဓိက တိုက်စစ်မှူး မက်ဆီအနေနဲ့ ယခုအခါ တံကောက် ကြောဒဏ်ရာကနေ ပြန်လည်သက်သာလာပြီ ဖြစ်ပြီး အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ စပိန်အသင်းမှ မန်ယူဂိုးသမား ဒေးဗစ် ဒီဂီယာက -" ဂိုးသမားတစ်ယောက်အတွက် မက်ဆီနဲ့ ရင်ဆိုင်ရတာဟာ စိန်ခေါ်မှု တစ်ရပ်ပါပဲ။ဒါပေမယ့် ကျွန်တော်တို့ ကွင်းအတွင်း အကောင်းဆုံး ကစားသမားဖြစ်ချင်ရင်တော့ သူနဲ့ ရင်ဆိုင်ရတာဟာ အထူးတလည် အခွင့်အ ရေးဖြစ်လာစေမှာပါ။"လို့ ထုတ်ဖော်ပြောလိုက်ပါတယ်။

ဆက်လက်ပြီး -" အာဂျင်တီးနားအသင်းက ဘယ်လို ပြိုင်ဖက်ကို ဖိအားပေးမလဲ၊တိုက်စစ်ဆင်မလဲကို ကောင်းကောင်းနားလည်ကြပါတယ်။သူ တို့ရဲ့ အဓိက အားသာချက်ကလည်း လီယွန်နယ် မက်ဆီပဲ ဖြစ်ပါတယ်။" လို့ ဒီဂီယာက ဆက်လက်ပြောခဲ့ပါတယ်။

Source- Sportskeeda

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD