AD
AD
AD

ယနေ့ နံနက်ပိုင်း ကစားခဲ့ကြတဲ့ နိုင်ငံတကာ ခြေစမ်းပွဲများမှာတော့ နာမည်ကြီး အင်္ဂလန်အသင်းဟာ အိမ်ကွင်းမှာ သရေရလဒ်သာ ထွက်ပေါ်ခဲ့ ပြီး နာမည်ကြီး အာဂျင်တီးနားအသင်းကတော့ စပိန်ကို ဂိုးပြတ်အရေးနိမ့်ခဲ့ပါတယ်။

play

 

အင်္ဂလန်အသင်းအနေနဲ့ ပွဲအစ၂၆ မိနစ်မှာ တိုက်စစ်မှူး ဗာဒီရဲ့သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်ပေမယ့်လည်း ပွဲချိန် ၈၇ မိနစ်ခန့်မှာ ပြန်ပေးလိုက်ရ တဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကြောင့် သရေရလဒ်သာ ထွက်ပေါ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံလူ ဂျိမ်း တာကောစကီးအနေနဲ့ အီတလီလူငယ်တိုက်စစ်မှူး ချီယာဆာကို ချိတ်ဆွဲသလို ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်ကို VAR စနစ်နဲ့ ပြန်လည်ကြည့်ရှု ဆုံးဖြတ်ခဲ့ပြီးနောက် အီတလီအသင်းကို ပင်နယ်တီ ကန်ခွင့်ပြုလိုက်တာလည်း ဖြစ်ပါတယ်။

play

 

အခြားသော အသင်းကြီးပွဲစဉ်အဖြစ် စပိန်အသင်းနဲ့ အာဂျင်တီးနားအသင်းတို့ မက်ဒရစ်မြို့မှာ ကစားခဲ့ကြပြီး စပိန်အသင်းက အစ္စကိုရဲ့ ဟက်ထ ရစ်နဲ့အတူ ၆-၁ ဂိုးဖြင့် အနိုင်ရခဲ့ပါတယ်။

အာဂျင်တီးနားအသင်းအနေနဲ့ ဒီပွဲမှာ အဓိက တိုက်စစ်မှူး အသင်းခေါင်းဆောင် မက်ဆီကို ထည့်သွင်းအသုံးပြုခဲ့ခြင်း မရှိတာကိုလည်း တွေ့မြင် ခဲ့ရပြီး ၎င်းမပါဝင်တဲ့ ပွဲစဉ်ကတော့ အာဂျင်တီးနားအတွက် ရုပ်ပျက်ဆင်းပျက် ဖြစ်ခဲ့ရတာလည်း ဖြစ်ပါတယ်။

နည်းပြ ဆမ်ပါအိုလီအနေနဲ့ ဒီပွဲစဉ်မှာ လူငယ်အများစုကို ၀ါရင့်ကစားသမားများအချို့နဲ့ တွဲဖက်အသုံးပြုခဲ့တာကို သတိပြုမိခဲ့ပြီး မက်ဆီကိုတော့ အရံစာရင်းမှာပင် ထည့်သွင်းအသုံးမပြုခဲ့တာ ဖြစ်ပါတယ်။

play

 

နောက်ထပ် ပွဲစဉ်တစ်ပွဲကတော့ ၂၀၁၄ ကမ္ဘာ့ဖလား ချန်ပီယံ ဂျာမနီနဲ့ ဘရာဇီးတို့ရဲ့ ပွဲဖြစ်ပါတယ်။ ဒီပွဲက ၂၀၁၄ ခုနှစ်က ပွဲစဉ်ကြောင့် ခြေစမ်း ပွဲတစ်ပွဲဆိုတာထက် ပိုခဲ့တာကိုလည်းတွေ့မြင်ခဲ့ရပါတယ်။နေမာမပါဝင်နိုင်တဲ့ ဘရာဇီးဟာ တိုက်စစ်မှူး ဂျီးဆပ်ရဲ့ သွင်းဂိုးတစ်ဂိုးတည်းနဲ့ ဂျာမနီ ကို အနိုင်ယူကာ ၂၀၁၄ခုနှစ်က ၇-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာကို ပြန်လည်လက်စားချေနိုင်ခဲ့ပါတယ်။

ဒီပွဲအရှုံးကြောင့် ဂျာမနီဟာ နောက်ဆုံးကစားထားတဲ့ နိုင်ငံတကာပွဲ၂၃ ပွဲမှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာလည်း ဖြစ်ပါတယ်။

Source- BBC SPORTS

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD