AD
AD
AD

ဖီဖာအသိအမှတ်ပြု နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားနေတဲ့ ယခုရက်သတ္တပတ်နှစ်ပတ်အတွင်းမှာ ကလပ်အသင်းပြိုင်ပွဲများကို ခေတ္တခ ဏရပ်နားထားကြပါတယ်။

play

 

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဂျီဘရော့တာ နိုင်ငံအသင်းနဲ့ လတ်ဗီးယားအသင်းတို့ ရဲ့ နိုင်ငံတကာခြေစမ်းပွဲစဉ်မှာတော့ ဂျီဘရော့တာအ သင်းက ပွဲချိန် ၈၈ မိနစ်မှာ ကွင်းလယ်လူ ဝေါ်လ်ကာ သွင်းယူပေးခဲ့တဲ့ တိုက်ရိုက်ပြစ်ဒဏ်ဘောမှတဆင့် သွင်းဂိုးတစ်ဂိုးရရှိပြီး လတ်ဗီးယားအ သင်းကို အနိုင်ရရှိခဲ့ပါတယ်။

play

 

ဂျီဘရော့တာ နိုင်ငံမှာ ဗြိတိန်အင်ပါယာ ရေပိုင်နက်အတွင်း စပိန်ရဲ့ တောင်ပိုင်း ကမ်းရိုးတန်း မှာတည်ရှိနေတဲ့ လူဦးရေ ၃ သောင်း ကျော်သာရှိ တဲ့ နိုင်ငံငယ်တစ်ခုဖြစ်ပါတယ်။

play

 

၂၀၁၃ ခုနှစ်လောက်ကမှ ဥရောပ ဘောလုံးအဖွဲ့ချုပ် လက်အောက်မှတဆင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)အသိအမှတ်ပြု နိုင်ငံတစ်ခု ဖြစ်လာ ခဲ့ပြီး ဖီဖာလက်အောက်က ကျင်းပနေတဲ့ ပြိုင်ပွဲများမှာ ၀င်ရောက်ခွင့်ရလာတာလည်း ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်က နိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံး နိုင်ပွဲကို မော်လ်တာနိုင်ငံအသင်းကို ၁-၀ ဂိုးနဲ့အနိုင်ယူထားခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ အချိန်တုန်းက ဥရောပ ဘောလုံးအဖွဲ့ချုပ်က ကြီးမှူးကျင်းပတဲ့ ဥရောပဖလားခြေစစ်ပွဲစဉ်ဖြစ်တာကြောင့်ယခုတစ်ကြိမ် လတ်ဗီးယားကို ထပ်မံအနိုင်ယူနိုင်ခဲ့တဲ့ ပွဲဟာ ဖီဖာအသိအမှတ်ပြုပွဲမှာ ပထမဆုံး နိုင်ပွဲရခဲ့တာလည်း ဖြစ်ပါတယ်။

ဂျီဘရော့တာအသင်းဟာ ကစားခဲ့သမျှ ပွဲပေါင်း ၂၃ ပွဲရှုံးနိမ့်ခဲ့ပြီး ပေးဂိုး ၁၁၇ ဂိုးအထိရှိထားတာလည်း ဖြစ်ပြီး ယခုလိုလတ်ဗီးယားကို အနိုင်ရရှိ ခဲ့ခြင်းက ၂၀၁၄ ခုနှစ်က မော်လ်တာကို အနိုင်ယူပြီးနောက် ပထမဆုံးအကြိမ် ပြန်လည်ရှာဖွေနိုင်တဲ့ နိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။

ဒီနိုင်ပွဲကြောင့် ဂျီဘရော့တာ နိုင်ငံဟာ နိုင်ငံသမိုင်းတစ်လျှောက် ဒုတိယမြောက်နိုင်ပွဲဖြစ်လာသလို ပထမဆုံး အိမ်ကွင်းနိုင်ပွဲလည်း ဖြစ်လာခဲ့ပါ တယ်။

Source-

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD